အသက်ကိုရင်းကာ ကောက်ငင်ရယူနေရတဲ့ “ပန်း” မဟုတ်တဲ့ “Gun”


အသက်ကိုရင်းကာ ကောက်ငင်ရယူနေရတဲ့ “ပန်း” မဟုတ်တဲ့ “Gun”

ဖော်ပြပါပုံမှာ ကရင်နီပြည်နယ်တိုက်ပွဲတစ်ခုအတွင်း သေဆုံးနေတဲ့အကြမ်းဖက်စစ်အုပ်စုတပ်သားတစ်ဦးရဲ့ လက်နက်ခဲယမ်းများကို ရရှိရေးအတွက် ကောက်ယူရန်စောင့်ဆိုင်းနေတဲ့ KNDF B-02 ရဲဘော်တချို့ကိုတွေ့ရတာဖြစ်တယ်လို့ ထိုအဖွဲ့က ထုတ်ပြန်လာပါတယ်။



အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ရဲဘော်တိုင်းမှာ လက်နက်လိုအပ်ချက်ရှိတာကြောင့် အကြမ်းဖက်စစ်ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေသေဆုံးတိုင်း သူတို့ရဲ့လက်နက်တွေသိမ်းယူရရှိရေးဟာ လိုအပ်ချက်တစ်ခုသဖွယ်ဖြစ်နေပေမယ့် အသက်တွေရင်းနှီးပေးဆပ်ခဲ့ရတာတော့ အလွယ်တကူမသိမြင်နိုင်ပါဘူးလို့လည်း ဆိုထားပါတယ်။


ဒါဟာလည်းလွယ်ကူတဲ့ဖြစ်စဥ်တော့မဟုတ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေသေဆုံးလို့ လက်နက်လုကောက်ရင်း မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရတဲ့ ရဲဘော်များလည်း ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ဖော်ပြထားပါတယ်။


ဒါကိုလည်း KNDF B-02 တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောဆိုထားပါသေးတယ် “ဒီပုံကိုသေချာလေးကြည့်ပါ။ကျွန်တော်တို့ ရဲဘော်စလုပ်တော့ လူအင်အားအများကြီးရှိပေမဲ့ တုတ်(တိုရှည်)အနည်းငယ်သာရှိပါတယ်။ အဲ့တော့ ရဲဘော်စလုပ်ကတည်းက ကျွန်တော်တို့ရဲဘော်တွေဟာ ကိုယ်ပိုင်သေနတ် သိပ်လိုချင်ကြပါတယ်။


စခ တွေကို . .တ် ပြီးရင် တုတ်ကိုလုကောက်ကြတာပေါ့။ကရင်နီပြည်မှာ တုတ်(တိုရှည်)ကိုရအောင်လုကောက်ရင်း ကျဆုံးသွားရတဲ့ မပေးဆပ်သင့်ဘဲ ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေမနည်းပါဘူး´´ လို့ ပြောဆိုထားပါတယ်။


ယခုဖော်ပြထားတဲ့ပုံမှာတော့ ထိတွေ့တိုက်ပွဲတစ်ခုအတွင်း သေဆုံးနေတဲ့ စကစတပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရတဲ့အပြင် ရုပ်အလောင်းဘေးက ပိုင်ရှင်မဲ့နေတဲ့ သေနတ်ကိုကောက်ယူဖို့ ကြိုးစားနေတဲ့ရဲဘော်တချို့ကိုလည်းတွေ့နိုင်ပါတယ်။



ဒါပေမယ့် တစ်ဖက်မှာဆိုရင် သေနတ်လာကောက်ပါက ပစ်ခတ်တိုက်ခိုက်ဖို့ချိန်ရွယ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိနေတဲ့ အနေအခြေအနေမျိုးဖြစ်တယ်လို့သိရပါတယ်။


KNDF B – 02 ရဲ့ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထိုရုပ်သေဓာတ်ပုံတစ်ပုံမှာ စကားလုံးတွေ မပါပေမယ့်လည်း Burma VJ စာဖတ်ပရိတ်သတ်များ ပြန်လည်ခံစားနိုင်ဖို့ရာ Photo Essay အဖြစ် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။


ဓာတ်ပုံ – KNDF B-02