လောက်ကိုင်မှာတစ်လ (၁၅)သိန်းရမယ့်အလုပ်ဆိုပြီး အင်တာဗျူးတွေခေါ်ပြီး ဂျင်းထည့်နေတဲ့ဖြစ်ရပ်

အခုလောက်ကိုင်ဘက်ကခေါ်နေတယ်ဆိုတဲ့ အလုပ်တစ်ခုရေပန်းစားနေတယ်ဆိုတာသိရောပေါ့။ တိုင်းမ်စီးတီးဒုတိယတာဝါဘက်က ကိုယ်လည်းအရမ်းသိချင်လာလို့လျှောက်လိုက်တယ်။ တကယ်ရီရတယ်နော်ပြောပြမယ်။

(၂)ခါတိတိကို အလုပ်လျှောက်ကြည့်တာ ပထမတစ်ခါက တနင်္ဂနွေမှာမေးလ်ပို့တယ်။ တနင်္လာနေ့ မနက်အစောကြီးဖုန်းဆက်ပြီး နေ့လယ်အင်တာဗျူးဝင်ရမယ်တဲ့နော် ကိုယ်လည်းဟယ်အင်တာဗျူး ခေါ်တယ်ဆိုတာက (၁)ရက်(၂)ရက်လောက် ကြိုပြောရတာလေလို့ ချက်ချင်းခေါ်တော့ ဘာပြင်ဆင်မှုမှမရှိဘူးပြောရော။

ဘာမှမလိုဘူး၊ စီဗီကိုဖတ်ကြည့်ပြီးသွားပြီမို့ လူဘဲလာခဲ့ရင်ရပြီတဲ့ (ဒီအလုပ်မျိုးရှားမှရှားနော်) ကဲဒုတိယအင်တာဗျူးက ဒီမနက်လေးတင်ဘဲ ပိုလို့တောင်ခွီနေရသေးတယ်။ မနက်(၁၀)ခွဲလောက် မေးလ်ပို့လိုက်တယ် နေ့လယ်(၁၂:၂၀)မှာဖုန်းဝင်လာတယ်။

ဒီညနေအင်တာဗျူးဝင်ရမယ်တဲ့ ဘုတ်ဘုတ်ဘုတ်… ကိုယ်လည်းချက်ကျလက်ကျပြောတာပေါ့။ အင်တင်တင်တွေပြော ပြီးတော့ပြောလိုက်သေးတယ် ဖော်လိုမီကုမ္ပဏီကပါတဲ့။ (အလှကုန်ပေါ့)

ကိုယ်လည်းပြောချင်တာ ပါးစပ်ကယားနေပြီလေ “တစ်နေ့ကပြောတာကျတော့ ပရိဘောဂကုမ္ပဏီ၊ အခုကျတော့အလှကုန်ကုမ္ပဏီ အကိုတို့ကခေါ်တဲ့ ကုမ္ပဏီချင်းတူတူတောင်မှ အမျိုးအစားကွဲတယ်နော်လို့၊ နောက်ဘာရှိသေးလဲလို့မေးလိုက်တာ ဖုန်းကျသွားပါလေရော”

လစာက(၁၅)သိန်းတောင်ပေးတာနော် အမလေးတစ်လတစ်လ ခံစားခွင့်တွေကလေ မသိနားမလည်တဲ့နယ်က တက်လာတဲ့လူတွေကို အပြည့်အဝဆွဲဆောင်နေတာမျိုးဘဲ။ ကိုယ်ပြောချင်တာကတော့ သတိရှိကြပါ။ တရားမဝင်တွေ တဖြည်းဖြည်းနဲ့ အတင့်ရဲလာနေကြပြီ။

လောက်ကိုင်ဘက်မှာ လူတွေဘယ်လောက်တောင် ဘဝပျက်နေကြလဲဆိုတာ သတင်းရှာဖတ်ကြည့်ကြ၊ ငွေတစ်ခုတည်းကိုဘဲ မကြည့်ကြနဲ့။ အသက်နဲ့မိသားစုကိုငဲ့ကြည့်ကြပါ။ တိုင်းမ်စီးတီးဒုတိယနဲ့ တတိယတာဝါ (ကျန်တာဘာမှ အတိအကျမပြောရင်) သွားမလျှောက်ကြပါနဲ့။