Juction City မှာ လက်မလည်အောင်ရောင်းကောင်းနေတဲ့ သရုပ်ဆောင် ရဲလေးမ ရဲ့ မုန့်ဟင်းခါး


Juction City မှာ လက်မလည်အောင်ရောင်းကောင်းနေတဲ့ သရုပ်ဆောင် ရဲလေးမ ရဲ့ မုန့်ဟင်းခါး

ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ သူ့ရဲ့အနုပညာနာမည် ရဲလေးကနေ ရဲလေးမဆိုပြီး အမည်တွင်သည့်တိုင်အောင် မိန်းမလျာကာရိုက်တာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။


အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်သူတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအနုပညာအလုပ်တွေရှားပါးနေချိန်မှာတော့ ရဲလေးမဟာ ဝမ်းရေးအတွက် အလုပ်တွေမျိုးစုံကို လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။




ဒီတစ်ခေါက်မှာလည်း ရဲလေးမက ရန်ကုန်မြိုလည်ခေါင်က Juction City ကုန်တိုက်ကြီးမှာ မုန့်ဟင်းခါးလက်မလည်အောင် ရောင်းခဲ့ရကြောင်းကို ပြောပြလာခဲ့ပါတယ်။


ရဲလေးမက “ဒီနေ့လည်း စားမယ့်သူတွေကစောင့်နေကြရတယ်။ လက်မလည်အောင်ရောင်းခဲ့ရတယ်။ အန်တီမိုမိုမြင့်အောင်ရဲ့တူမလေးဝါဆိုမြင့်အောင်လေး လာအားပေးသွားတယ်။


ပစ်တိုင်းထောင်သီချင်းလေးထဲကလေးလေး ခုအပျိုကြီးဖြစ်လိုချစ်စရာလေး။ ခုလည်းကျေးဇူးပါနော်။ လာအားပေးတဲ့ချစ်တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်နှစ်ရက်ရှိနေပါဦးမယ်နော်” ဆိုပြီး ဝမ်းသာစွာပြောလာပါတယ်။




ရဲလေးမကတော့ သမာအာဇီဝကျကျ စျေးရောင်းစားရင်း စေတနာအကျိုးပေးတာကြောင့် ရန်ကုန်မြိုလည်ခေါင်က ကုန်တိုက်ကြီးမှာတောင် မုန့်ဟင်းခါးလက်မလည်အောင် ရောင်းချနိုင်ခဲ့တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲနော်။




Source: Ye Lay Ma’s fb


Credit MCT