ပြည်ပနိုင်ငံကို ရောက်ရှိသွားတဲ့ အခြေအနေကို ဖွင့်ဟ ပြောပြလာတဲ့ မိတ်ကပ် မေဦး


ပြည်ပနိုင်ငံကို ရောက်ရှိသွားတဲ့ အခြေအနေကို ဖွင့်ဟ ပြောပြလာတဲ့ မိတ်ကပ် မေဦး

မိတ်ကပ်ပညာရှင်အဖြစ်အောင်မြင်မှုများစွာရရှိထားတဲ့ မိတ်ကပ်မေဦးက တော့ ဖေဖော်ဝါရီလ(၁)ရက်နေ့က စလို့တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။




အခုလိုအမှန်တရားဘက်ကနေရပ်တည်ပေးပြီး အင်တိုက် အားတိုက် တော်လှန်ခဲ့တာကြောင့် ၅၀၅(က) နဲ့ အမှုဖွင့်အရေး ယူထားခြင်းခံရပြီး ဒီအရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် GenZ လူငယ်တွေနဲ့အတူလွတ်မြောက်နယ်မြေမှာ စစ် သင် တန်းတက်ရောက်နေတာလဲ ဖြစ်ပါတယ်။


အခုလက်ရှိမှာတော့ မေဦးနဲ့ ဟန်လင်းက New York မြို့ကို ရောက်ရှိနေတာဖြစ်ပြီး ရောက်ရောက်ခြင်းမှာလဲ Omicron ရော ဂါကူးဆက်ခံ ခဲ့ရပါသေးတယ်။ ပြည်ပနိုင်ငံကို ရောက်ရှိသွားပေမယ့်လည်း တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းကို




“မေဦးနှင့်ဟန်လင်း ဒီဇင်ဘာ 15 ရက်နေ့ ကအမေရိကန်နိုင်ငံ New York မြို့ကိုရောက်ခဲ့ပါတယ်။ ရောက်ရောက်ခြင်းမှာပဲ Omicron ရောဂါကူးဆက်ခြင်းခံရပြီး ၁၀ ရက်လောက် stay home နေလိုက်ရပြီးတော်တော်လေးခံလိုက်ရသည့်အတွက် လုပ်စရာလေးတွေနဲ့အသိပေးစရာလေးတွေနောက်ကြခဲ့ပါတယ် ။


ဒီနေ့တော့မြန်မာ့နွေဦးတော်လှန်ရေးအတွက်အားသွန်ခွန်ဆိုက်ကူညီပေးနေကြသော New York မြို့မှနွေဦးတော်လှန်ရေးမိသားစုများ အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအတွက်အထောက်အကူဖြစ်မည့် ကိစ္စများနှင့်ရန်ပုံငွေ ပွဲတွေအတွက်တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။




ထို့အပြင် မေဦးနဲ့အမှတ်တရအဖြစ် make up အပြင်ခံကြပြီး မေဦးလက်ထဲသို့ US dollar 800 ပေးခဲ့ပါသည် ။ထိုငွေ 800 နှင့် နောက်ပိုင်း American နိုင်ငံမှမြန်မာလူမျိုးများ နှင့် self make up class မှရရှိမည့်ငွေများကိုတော့ကိုယ် ကျိုးအတွက်လုံးဝမသုံးပဲတော်လှန်ရေးအတွက် ပို့ပေးသွားမည်ဟုဆုံးဖြတ်ထားပါသည် ။


1.2.2021 ရက်နေ့မှစလို့ ယနေ့အထိ ဖြစ်ပျက်ခဲ့သမျှကြုံခဲ့သမျှတွေ အများကြီးရှိခဲ့သလို(အကောင်းဆုံးဆိုတဲ့အချိန်တစ်ခုရောက်လာလျှင်ပြန်ပြောပြဖို့စာတွေရေး ထားသလိုမှတ်တမ်းများလည်းရှိပါသည်)