မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူသော “အနန္တရေတော်”


မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်တော်မူသော “အနန္တရေတော်”

ယနေ့မြန်မာပြည်မှာ ကျနော်အကြည်ညိုဆုံး သံဃာတော်တစ်ပါးဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးပေးတဲ့ အနန္တရေအကြောင်းကို မိတ်ဆွေတို့အတွက်မျှဝေပေးပါရစေ။ အခုအချိန်အခါအရလည်း မျှဝေဖို့တကယ်လိုအပ်နေပါတယ်။


မဟာဗောဓိမြိုင်ဆရာတော်ကြီးငယ်စဉ်အခါ အသက်လေးဆယ်ဝန်းကျင်လောက်တုန်းက သမထကိုအလွန်ပြင်းထန်တဲ့ဓူတင်တွေနဲ့ လုံ့လကြီးစွာအားထုတ်ခဲ့ပါတယ်။ နေသဇ္ဇိကဓူတင်နဲ့အားထုတ်ကျင့်ကြံရာမှာ အနေ၊အစား၊အအိပ်တွေ မမှန်တော့တဲ့အတွက် တစ်နေ့တစ်ခြား ကျန်းမာရေးချို့ယွင်းလာပါတော့တယ်။ နောက်ဆုံးမှာတော့သွေးဝမ်းတွေပါလာပြီး လူကမျော့မျော့ပဲကျန်ပါတော့တယ်။


တစ်ညမှာတော့အိပ်ရင်းနဲ့ ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ပါတယ်။ အိပ်မက်ထဲမှာဆရာတော်ကို နယ်ပြောင်းခိုင်းတာပါ။ အောက်မြန်မာပြည်ကနေ အထက်မြန်မာပြည်ဘက်ကိုပြောင်းပြီး တရားကျင့်ဖို့ပြောတာဖြစ်တယ်။ ဒါနဲ့ဆရာတော်လည်းပြောင်းရတော့တာပေါ့။


အထက်မြန်မာပြည်ကိုခရီးသွားရင်းနဲ့ မြေလတ်ဒေသမုန်တိုင်ဆည်နားမှာ ခရီးတစ်ထောက်နားတုန်း ဥပတိရုပ်ကောင်းကောင်းနဲ့ ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်။ ဆရာတော်ကိုဦးချပြီးလျှောက်ထားပါတယ်။ သူလျှောက်ထားတာကို အတိုချုံးပြီးပြောပြရရင်တော့


“အရှင်ဘုရား၊ မြေတို့မည်သည်ရေနှင့်မကင်းကောင်းပါဘုရား။ အရှင်ဘုရားရဲကိုယ်မှာလည်း မြေဓာတ်၂၀နဲ့တည်ဆောက်ထားလေတော့ ရေကိုများများသောက်ပေးဖို့ လိုနေတယ်ဘုရား။ သောက်နည်းကိုတပည့်တော်ပေးပါရစေ”


(၁)ပထမတစ်ကျိုက်သောက်ရင် ဗုဒ္ဓဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ကဘုရားဂုဏ်တော်ကိုမှန်း။ (၂)ဒုတိယတစ်ကျိုက်သောက်ရင် ဓမ္မဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကတရားဂုဏ်တော်ကိုမှန်း။




(၃)တတိယတစ်ကျိုက်သောက်ရင် သံဃဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကသံဃဂုဏ်တော်ကိုမှန်း။ (၄)စတုတ္ထတစ်ကျိုက်သောက်ရင် မာတာပိတုဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကအမိအဖမျက်နှာကိုမှန်း။


(၅)ပဉ္စမတစ်ကြိုက်သောက်ရင် အာစရိယဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊ စိတ်ထဲကမိမိကိုအကျိုးများစေခဲ့တဲ့ ဆရာရဲမျက်နှာကိုမှန်း။ အဲဒီနည်းနဲ့တတ်နိုင်သလောက် နေ့စဉ်ရေသောက်ပေးပါ။ အနန္တရေဖြစ်တယ်၊ ဒီလိုသာစွဲစြွဲမဲမြဲသောက်ပေးသွားရင် ဆေးမလိုပဲရှေးပုဂ္ဂိုလ်တွေလို အရည်အသွေးအလိုလို ပြည့်မှီလာပါလိမ့်မယ်ဘုရားလို့ လျှောက်ထားပြီးနောက် ဆရာတော်ကိုဦးချပြီး ထွက်သွားပါတယ်။


အထက်မြန်မာပြည်ရောက်သွားတော့ ဆရာတော်လည်းအဲဒီနည်းအတိုင်း အနန္တရေကိုစသောက်ပါတယ်။ ရေသောက်လို့၅ရက်ပြီးမြောက်တဲ့နေ့မှာပဲ ၅နှစ်တာခံစားခဲ့ရတဲ့ တစ်ကိုယ်လုံးကရောဂါဝေဒနာတွေ ယူပစ်သလိုပျောက်ကင်းသွားပါတယ်။ ဒီလိုနဲ့တရားအားထုတ်လာခဲ့လိုက်တာ ယနေ့အချိန်မှာတော့ ဆရာတော်ကြီးဟာ ရဟန္တာကြီးတစ်ဆူအဖြစ်တောင် သမုတ်နေကြပြီမဟုတ်ပါလား။


အနန္တရေဟာ အင်မတန်အစွမ်းကြီးပါတယ်။ ဘာကြောင့်လဲဆိုရင်လောကမှာ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးနဲ့မေတ္တာဂရုဏာတွေဟာ အတိုင်းအဆမရှိမရေတွက်နိုင်လောက်အောင် ကြီးမားလှပါတယ်။ အဲဒီဂုဏ်တွေက မျက်စိနဲ့မမြင်ရပေမယ့် ရေကရေခွက်ထဲကိုဝင်ရောက်သွားတဲ့အခါမှာ အလွန်စွမ်းတဲ့ဆေးတစ်ခွက်ဖြစ်သွားပြီး မိမိကိုကောင်းကျိုးပြုပေးပါတယ်။


အဲ့လိုရွတ်ပြီးသောက်တာကြာလာလေထုံလာလေ အစွမ်းကြီးလေအကျိုးပေးလေပါပဲ။ မိမိကိုယ်တိုင်သာသီလလုံပါစေ၊ အနန္တရေနေ့စဉ်သောက်ရင် ကျန်းမာစေရုံမက အန္တရာယ်လည်းကင်းစေပါတယ်။ မိတ်ဆွေတို့တစ်သက်လုံးသောက်သွားရမယ့် ဆရာတော်ကြီးပေးတဲ့ အနန္တရေပဲဖြစ်ပါတယ်။


မဟာဗောဓိမြိုင်ဆရာတော်ကြီးဟ ယခုလည်းအထက်မြန်မာပြည်တစ်နေရာမှာ သီတင်းသုံးလျှက်ရှိနေပါတယ်။ ညစဉ်(၇)နာရီတိတိမှာ တစ်လောကလုံးကိုမေတ္တာပို့ပါတယ်။ ဆရာတော်ကြီးရဲ့မေတ္တာခံယူချင်တယ်ဆိုရင် ည(၇)နာရီတိတိမှာ ဆရာတော်ကြီးကိုအာရုံပြုပြီး “ဆရာတော်ပို့သသောမေတ္တာကို တပည့်တော်မှခံယူပါ၏” လို့မိမိစိတ်ထဲကနေရွတ်ပေးပါ။ ပို့သတဲ့မေတ္တာကိုရပါလိမ့်မယ်။




ဆရာတော်ကြီးပေးတဲ့နည်းက အင်မတန်ရိုးရှင်းလွယ်ကူလှပါတယ်။ စွဲစွဲမြဲမြဲလုပ်သွားရင် အကျိုးကျေးဇူးတွေအများကြီး ခံစားရမယ်ဆိုတာကို ကိုယ့်တွေ့နဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး ကျန်းမာ၍အသက်ရာကျော်ရှည်ပါစေ။


မိတ်ဆွေအပေါင်းတို့လည်းထာဝရကျန်းမာရွှင်လန်းကြပါစေ။ ချစ်ခင်လေးစားလျှက် (အကျယ်ကိုဗုဒ္ဓအလိုကျ အနာရောဂါကင်းရှင်းခြင်း စာအုပ်မှာရေးထားပါသည်) Credit to original uploader ဓမ္မဝိဟာရီ