မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး အမေရိကန်-ဂျပန်ပူးတွဲတောင်းဆို


မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး အမေရိကန်-ဂျပန်ပူးတွဲတောင်းဆို

မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော အကြမ်းဖက်မှုများကို အမေရိကန်နှင့် ဂျပန်တို့က ပူးတွဲပြစ်တင်ရှုတ်ချလိုက်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန် လည်ရောက်ရှိရန် တောင်းဆိုလိုက်သည်။


အမေရိကန်-ဂျပန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ လုံခြုံရေးအကြံပေးကော်မတီ အစည်းအဝေးကို သက်ဆိုင်ရာနိုင်ငံများ၌ ဒီဇင်ဘာ ၆ နှင့် ၇ ရက်များတွင် အွန်လိုင်းမှကျင်းပခဲ့ရာ မြန်မာ့အရေးကိုလည်း ထည့် သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကာကွယ် ရေးဝန်ကြီး အော်စတင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ၊ ကာကွယ်ရေးဝန်ကြီး ကီရှိတို့က မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


ထို့အပြင် ဝန်ကြီးများသည် လွတ်လပ်၊ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် ၎င်းတို့၏ ကတိကဝတ်ကို ခိုင်မာစွာထပ်လောင်းအတည်ပြုခဲ့ပြီး


အာဆီယံ၏ ညီညွတ်မှု၊ ဗဟိုကျမှုနှင့် အင်ဒို-ပစိဖိတ်တွင် အာဆီယံ၏ သဘောထားကို ခိုင်မာစွာကူညီပံ့ပိုးမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။