6.Jan.2022 မှ 12.Jan..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း


6.Jan.2022 မှ 12.Jan..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

6.Jan.2022 မှ 12.Jan..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း


တနင်္ဂနွေ


ဒီတစ်ပတ်အတွင်း မိမိစိတ်တိုင်းကျဖန်းတီးခွင့်တွေရလာတတ်ပါတယ်။ အဘက်ဘက်ကအကူအညီတွေရ လာတတ်ပါတယ်။စိတ်ကူးထားသမျှအကောင်အထည်ဖော်ဖို့ ငွေအားလူအားကူညီမဲ့သူတွေရှိလာလိမ့်မယ်။ စိတ် ဓာတ် ခွန်အားရစေမဲ့စကားတွေကြားရတတ်ပါတယ်။ လက်ထပ်ဖို့ရည်ရွယ်ထားသူများ ဒီတစ်ပတ်အတွင်းမင်္ဂလာ ဆောင်ခြင်း ၊မင်္ဂလာလက်မှတ်ရေးထိုးခြင်းများပြုသင့်တယ်။ ငွေကြေးထက် မိမိနာမည်ကောင်းရဖို့ကိုဦးစားပေး သင့်တဲ့ ကာလပဲဖြစ်ပါတယ်။


အလုပ်ခွင်ထဲ လူမှုရေးကိစ္စတွေကြုံလာရင်တော့ မိမိစိတ်သဘောတစ်ခုထဲ မဆုံး ဖြတ်ဘဲ အများသဘောကို ဦးစားပေးလိုက်တာကအကောင်းဆုံးပါပဲ။ အချစ်ရေးကဏ္ဍ အထူးအားကောင်းချိန်လို့ဆို ရမှာပါ။ အချစ်ရေးကိစ္စအဆင်ပြေမယ်။ မိမိအပေါ်စိတ်ကောက်နေသူ၊စကားများပြီးမခေါ်တဲ့ချစ်သူတောင်ပြန်ခေါ် လိမ့် မယ်။ သားသမီးရဲ့ ဇွတ်တရွတ်လုပ်ချင်စိတ်ကို အတင်းအကြပ်မတားပါနဲ့။ တတ်နိုင်သမျှအချိန်ယူနားဝင်အောင် ပြောပြမှ အဆင်ပြေမဲ့အချိန်ပါပဲ။ စီးပွားရေးအထူးကောင်းမည်။ လက်ဝယ်ရရှိသောအခွင့်အရေးကို လက်လွှတ်မခံ ပါနှင့်။


အိမ်ကိစ္စ ၊အမွေကိစ္စ ၊မြေကိစ္စ များ အဆင်ပြေမည်။ တစ်ခုသတိထားရမှာက လူယုံမထားရ။ အရမ်းရင်းနှီး သူများကြောင့်စိတ်ညစ်ရမည်။ ကိုယ့်ရဲ့ငယ်ကျိုးငယ် နာတွေကို ဖော်တဲ့သူတွေကြောင့်အရှက်ကွဲမည်။ ကျန်းမာရေး အညံ့ နည်းပါတယ်။ အိမ်ထောင်ရေးမှာသားသမီးအကြောင်းပြုပြီး စကားများရတတ်ပါတယ်။ပညာရေးကံညံ့ နေ သည်။အကျိုးပေးဂဏန်း ဝ၊၄၊၂အထူးဟော စုတ်ရော ၊လာဘ်ရော ဝင်မည်။ယတြာ အုန့်နို့ကျောက်ကျောလေးတစ်ပန်းကန် ဘုရားကပ်ပေးပါ။


တနင်္လာ


အနည်းငယ်အလှုပ်အရှားများမဲ့ကာလပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီး အထွက်များနေတတ်ပါတယ်။ လူနုန်းနေတာမျိုး၊သွေးအားနည်းတာမျိုးတွေဖြစ်လွယ်တယ်။ မိတ်ဆွေကောင်းတွေကကူညီချင်ပေမဲ့ သူတို့လဲအဆင်မပြေတဲ့ ကာလဖြစ်နေတာကိုတွေ့ရပါတယ်။အရာရာအကုန်အကျများနေနိုင်ပါတယ်။ စိတ်ညစ်စိတ်ရှုပ်ရမည်။ စိတ်ပန်း လူပန်း ဖြစ်မည်။အလုပ်ပိုတွေကြောင့် အလုပ်ဒဏ်ပိနေမည်။ လူမှုရေးကိစ္စ မိသားစုကိစ္စတွေလိုက်လုပ်နေရမည်။


အဓိကဂရုစိုက်ရမှာက ကျန်းမာရေးပဲ။ ကျန်းမာရေးဒေါင်ဒေါင်မည်တဲ့သူတောင် ဒီကာလအတွင်းဖျားနာတတ်တယ်။ ကျန်းမာရေးအတွက်လဲ ငွေထွက်ရနိုင် တာကိုတွေ့ရပါတယ်။ ဆောင်းရာသီမို့အခုမှစပြီးအားကစားစလုပ်သူဆို မတော်တဆ ထိခိုက်မိတတ်တယ်။ မျက်နှာများတဲ့ချစ်သူကြောင့် စိတ်ညစ်ရမည်။ အောက်လယ်ငယ်သားကြောင့် ဒုက္ခရောက်တတ်တယ်။ အရေးကြီးကိစ္စများအောက်လက်ငယ်သားတွေကို မျက်နှာလွှဲမခိုင်းပါနဲ့။ သွေးထွက်သံယို၊ ထိခိုက်ရှနာဖြစ်လွယ်တဲ့အတွက် ယာဉ်ကားသတိထားမောင်းနှင်ပါဗျ။


အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ အကူအညီတွေကြောင့်အစစအရာရာအဆင်ပြေနိုင်ပါတယ်။ကြွေးရစရာရှိတာများ ဒီကာလမှာတောင်းရင်ထင်သ လောက်မရတတ်ပါဘူး။ပညာရေးအတွက် အနည်းငယ်စိတ်ပူပန်စရာတော့ရှိနေနိုင်ပါတယ်။အကျိုးပေးဂဏန်း ၁၊၇၊၅အထူးဟော ကျန်းမာရေးညံ့နေမည်။ယတြာ အိမ်ရှိလျှပ်စစ်ဝါယာကြိုးအဟောင်းများ၊အပျက်များ၊အားသွင်းခေါင်းအစုတ်များ လွှတ်ပစ်လိုက်ပါ။


အင်္ဂါ


အနည်းငယ်စိတ်ရှည်ဖို့လိုပါတယ်။ ငွေကံကောင်းနေမဲ့မိမိလိုချင်တဲ့ပမာဏလောက်တော့ မရနိုင်သေးတဲ့ကာ လပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီးရစရာများရဖို့ ရှိပါတယ်။ ငွေကတော့ ဝင်ပါလိမ့်မယ်။ ငွေလက်ထဲထားရင် ဆီလို အပေါက် ရှာပြီးထွက်သွား လိမ့်မယ်။ အလုပ်စီးပွားတော့သိပ်မညံ့ပါဘူး။ အတွေးတူတဲ့မိတ်ဆွေတွေနဲ့ ဆွေးနွေး တိုင်ပင်အကြံယူသင့် တဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ အလုပ်များနေပေမဲ့ ငွေရတဲ့အလုပ်တော့မဟုတ်တာကိုတွေ့ရပါ တယ်။


တတ်နိုင် သလောက်တစ်ခုခုကို ဇောက်ချလုပ်ကိုင်ပါ။ ဟိုစပ်စပ်ဒီစပ်စပ်လုပ်ရာကနေ ဘယ်အရာမှ မပြီးမြောက်တာမျိုး ဖြစ်ရ တတ်ပါတယ်။ မိတ်များမယ်။ ဖောက်သည်များမယ်။ဝိုင်းဝန်းကူညီသူပေါမယ်။ သတိ ထားရ မှာက မိမိတို့ကိုယ်တိုင် ကဒီကာလမှာဒေါသကိုလျော့ထားဖို့အထူးလိုပါတယ်။ကံကကောင်းလိုက်ဆိုး လိုက် တလှည့်ဆီဖြစ်နေမည်။ ဆိုးမလို နဲ့ကောင်းသွားတတ်သလို ကောင်းမလိုနဲ့ဆိုးနေတတ်ပါတယ်။ ဒါပေမဲ့ တစ်ခု ကောင်းတာက လူချစ်လူခင်များမဲ့ ကာလပါပဲ။ စန်းလဲပွင့်နေပါတယ်။


အိမ်ထောင်ရေးတော့ စိတ်ညစ်ရ လိမ့်မယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားများရမည်။ မောင်နှမတွေစိတ်ဝမ်းကွဲစရာများကြုံလိမ့်မည်။ ပညာရေး ကဏ္ဍ အတွက် စတင်လိုက်တဲ့ကိစ္စတိုင်းအဆင်ပြေမယ်။ မည်သူအကြံပေးတာမှလက်မခံပါနဲ့။အကျိုးပေးဂဏန်း ၂၊၄၊၆အထူးဟော ကံသင့်ပါသည်။ယတြာ ပုဗ္ဗဏှသုတ်တော်ကို တစ်နေ့တစ်ခေါက် တစ်ပတ်တိတိရွတ်ပွားပါ.


ဗုဒ္ဓဟူး/ရာဟု


စီးပွားရေးအထူးကောင်းမဲ့အချိန်ပါပဲ။ လုပ်ငန်းများချဲ့ထွင်ခြင်းအလုပ်အသစ်စတင်ခြင်း အထူးကောင်းပါလိမ့် မယ်။စိတ်ထဲကောင်းတဲ့အယူအဆတွေ၊အတွေးအခေါ်တွေပေါ်လာတတ်ပါတယ်။ လှမ်းမှားနေသူအတွက် လမ်းမှန် ရောက်အောင်ကံက လမ်းပြပါလိမ့်မယ်။ ကံကလဲအရမ်းမြင့်မားနေတဲ့ကာလပါ။ ကောင်းတဲ့လိုအင်ဆန္ဒတွေ ပြည့်စုံမဲ့အချိန်ပေါ့။အရင်အပတ်က စိတ်ညစ်စိတ်ရှုပ်ရတဲ့ကိစ္စတွေဒီအပတ်ထဲလျော့ပါး သက်သာခွင့်တွေရလာတာ ကိုတွေ့ရပါတယ်။


ငွေကိုတော့ ချွေတာသုံးပါ။ငွေကြေးလဲအဘက်ဘက်ကဝင်လာဖို့ရှိပေမဲ့ မိမိကအပေးအကမ်း ရက်ရောတာ၊အားနာလို့ချေးငှားလိုက်တာကနေ ငွေကုန်သွားနိုင်လို့ပါ။ မိမိကျန်းမာရေးအနည်းငယ်အားနည်း နေနိုင်တာ ကိုတွေ့ရပါတယ်။ရေချိုးမှားခြင်း၊နေ့လည်နေခင်းအချိန်ကြာမြင့်စွာ အိပ်ရာကနေဖျားနာခြင်းများဖြစ်နိုင် တာကိုတွေ့ရပါတယ်။ ဆိုင်ခန်းကိစ္စ၊အိမ်ကိစ္စ၊အလုပ်ကိစ္စ အခက်အခဲကြုံနေသူများပြန်အဆင်ပြေလိမ့်မည်။ စပ်တူ ကိစ္စ၊ ရှယ်ယာကိစ္စများလုပ်ကိုင်၍ အကျိုးပေးလိမ့်မယ်။


ဘာသာရေးနဲ့ပတ်သက်သော ပစ္စည်းများလက်ဆောင်ရ မည်။ ပညာရေးကိစ္စ ၊အင်တာဗျူးကိစ္စ၊စာမေးပွဲကိစ္စ အောင်မြင်လိမ့်မည်။အချစ်ရေးကံကောင်းလာပါ တော့မယ်။ သို့သော်ကျန်းမာရေးညံ့နေတဲ့ချစ်သူကြောင့်စိတ်ပူပန်နေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃၊၅၊၇အထူးဟော ဘာသာတရားများများလုပ်လေကံကောင်းလေပါပဲယတြာ ယပ်တောင်တစ်ချောင်းနဲ့ ဘုရားရှစ်ခိုးပြီးတိုင်း ဘုရားရှင်ကိုယပ်တော်သွင်းပါ။


ကြာသပတေး


တတ်နိုင်သမျှ မိမိအနေနဲ့ စတင်ကြံစည်ခြင်း၊အကောင်အထည်ဖော်ခြင်း၊ တစ်ခုခုကိုအသစ်စတင်ခြင်းတွေ အားမပေးပါဘူး။ငွေကြေးကံကမညံ့ပေမဲ့ မိမိရင်းနှီးမြုပ်နှံမှုမှားယွင်းမှုတွေကြောင့် ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်။ တတ် နိုင်သမျှဘယ်ပစ္စည်းမှဒီအပတ်ထဲမလှောင်ရင်အကောင်းဆုံးပဲ။အချစ်ရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စအထူးညံ့ တဲ့ ကာလ ပါ။ ချစ်သူချင်းစကားများစိတ်ဝမ်းကွဲ ရတတ်ပါ တယ်။ အရင်ကတည်းကလမ်းခွဲရင် ကောင်းမလား တွေးနေတဲ့ ချစ်သူစုံတွဲတွေအပြီးတိုင်ကွဲသွားတတ်ပါတယ်။


အိမ်ထောင်သည်များငွေကိုအကြောင်းပြုပြီး စကားများ ရနိုင်ပါတယ်။အလုပ်ဒဏ်တွေပိနေတတ်တယ်။ အလုပ်ကိစ္စ တွေမှာ မနိုင်ဝန်တွေ ထမ်း နေရတတ်သည်။ အလုပ် နဲ့ပတ်သက်ပြီး လုပ်သလောက်အကျိုးမခံစားရတတ်ပါဘူး။ ဒီအချိန်မှာစိတ်ပန်းလူပန်းဖြစ် နေရမည်။ ရထားတဲ့ ရာထူးနဲ့ လုပ်ရတဲ့အလုပ်က ပိုများနေလိမ့်မယ်။ ဒေါသဖြစ်စရာ စိတ်ညစ်စရာတွေ ဆက် တိုက်ကြုံရတတ်တဲ့အတွက် သည်းခံနိုင်မှတော်ကာကျမည်။


မိမိအနေနဲ့က ဒီအချိန်မှာခိုက် ရန် ဒေါသဖြစ်စရာ တွေ ကြုံလာနိုင်တဲ့အတွက် အရာရာခေါင်းအေးအေးထားပြီး ရှေးတိုး ဆောင်ရွက် ပါ။ပညာရေး နဲ့အသက်မွေးသူများ အလုပ်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ရာထူးအပြောင်းအလဲတွေဖြစ်ရတတ်ပါတယ်။ ပညာရေး ကံကောင်းနိုင်ပေမဲ့ မိမိတက်လမ်း အတွက်အတားအဆီးတွေကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၅၊၄၊၃အထူးဟော _စိတ်ပင်ပန်းရမည်။ယတြာ -ဘဲဥလေးတွေပြုတ်ပြီးတော့ ကိုယ်ချစ်တဲ့ခွေးတစ်ကောင်ကို ချကျွေးလိုက်ပါ။


သောကြာ


မည်သို့ပင်ဆိုစေ..စိတ်လိုက်မာန်ပါပြန်လည်ပြောဆိုခြင်းများမပြုလုပ်သင့်ပါဘူး။အသေးအမွှားစကားလေး တစ်ခွန်း၊သူတစ်ပါးအပေါ်အသေးအမွှားလောက် body shaming လုပ်လိုက်မိတာကအစ တစ်ဖက်လူကမိမိကို ကြီးစွာသောရန်ငြိုးဖွဲ့ခြင်းခံရတတ်ပါတယ်။ဒီအပတ်ထဲနားချင်ပေမဲ့မသွားချင်တဲ့ခရီးတွေသွားရတတ်ပါတယ်။အလုပ်ကိစ္စတွေ၊လူမှုရေးကိစ္စတွေကြောင့်အိမ်မကပ်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးလဲ အနည်းငယ်ညံ့နေ တတ်ပါ တယ်။အုံးလွဲတာ၊အိပ်ရာပြောင်းလို့ ကိုယ့်လက်မအီမသာဖြစ်တာမျိုးတွေကြုံရတတ်ပါ တယ်။


အရင်ကတည်းက သွားကိုက်တတ်သူတွေ ဒီကာလထိုဝေဒနာပြန်ခံစားရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်ခြင်း တွေခံရတတ်ပါတယ်။ ရင်းနှီးသူတွေနဲ့ စကားများခွဲခွာရမဲ့အချိန်ပါပဲ။ အချစ်ရေးကိစ္စတွေလဲ အဆင်မပြေကြုံ ရတတ်ပါတယ်။သို့သော်ချစ်သူဆီက ငွေကြေးအကူအညီမျိုးတော့ရတတ်ပါတယ်။ရတာနဲ့အပြောခံရတာနဲ့ မကာမိ တာ မျိုးတော့ဖြစ်လိမ့်မယ်။ ရည်မှန်းချက်တွေ မျော်လင့်ထားတာတွေ အထစ်အငေါ့ကြုံပြီးမှ အဆင်ပြေလိမ့်မယ်။


ဒါကြောင့် ဒီအပတ်ထဲမှာတော့စိတ်ရှည်သည်းခံဖို့အထူးလိုပါတယ်။ စက်ပစ္စည်းများ လျှပ်စစ်ပစ္စည်းများအဝင် မခံသင့်တဲ့ ကာလ ပါပဲ။ ခရီးဝေးကိစ္စ နိုင်ငံခြားကိစ္စခဏဆိုင်းထားသင့်တဲ့ကာလပါပဲ။ ပညာရေးကံ အထူးကောင်းနေ ပါ လိမ့် မယ်။ အကျိုးပေးဂဏန်း-၁၊၄၊၈အထူးဟော -အနည်းငယ်တော့ စိတ်လက်မအီမသာဖြစ်ရတတ်ပါတယ်။ယတြာ -တတ်နိုင်သမျှ ရေအလှူလေးတွေများများလုပ်ပါ။


စနေ


ကံကောင်းခြင်းတွေမိမိဆီရောက်လာနေပါပြီ။စိတ်တူသဘောတူလုပ်ဖော်ကိုင်ဖက်တွေကြောင့်လုပ်ငန်းခွင် စိတ်ချမ်းသာခွင့်ရလာမဲ့ကာလပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီး ထီပေါက်တာမျိုး၊ငွေအစုလိုက်ဝင်တာမျိုးတွေဒီကာလ မှာကြုံရဖွယ်ရှိနေပါတယ်။ အလုပ်စီးပွားတိုးတတ်မည်။ မိမိတန်ဖိုးထားတဲ့အရာများ မိမိလက်ဝယ်ရောက်ရှိမည်။ ရတနာဝင်မည်။အနာဂတ်အကျိုးစီးပွားအတွက်ခိုင်မာစွာ ဆုံးဖြတ်ချက်ချသင့်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရမည်။


အင်တာဗျူးဖြေထားသူများအောင်လိမ့်မည်။အထက်လူကြီးမစမည်။ ဖခင်ဘက်ကအမျိုးတွေဆီက အကူအညီတွေရမည်။ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဖြစ်ပေါ်လာနိုင်တဲ့အချိန်ပါပဲ။ ဒါကြောင့်ပဲရန်များတတ်ပါတယ်။ မိသားစုအတွင်း အမိန့်ဆန်ဆန်ပြောဆိုမှုကြောင့်စကားအခြေအတင်ဖြစ်ရလိမ့်မယ်။ ဘာသာရေးကိစ္စ၊တရားအား ထုတ်ခြင်း၊ဝိပဿနာပွားများခြင်းများ ဒီကာလမှာ ထူးခြားတဲ့ အသိဉာဏ်စဉ်တွေရလာတတ်ပါ တယ်။တရား မမေ့သူများ တရားတွေ့နိုင်တဲ့ကာလပါပဲ။ အချစ်ရေးအတွက်အားနည်း ချက်တွေကိုပြုပြင် နိုင်ပါလိမ့်မယ်။


အချစ် ကြောင့်မိမိစိတ်တွေပြောင်းလဲလာမဲ့ကာလပါ။ ကျန်းမာရေးအညံ့အဆိုးတွေလျော့သွားပါလိမ့်မယ်။ သမားတော် ကောင်း၊ ဆေးဝါးကောင်းတွေနဲ့ တွေ့ရလိမ့်မယ်။ပညာရေးကံကောင်းနေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၆၊၄၊၁အထူးဟော ကံကောင်းနေမည် ယတြာ အကြီးအကဲတွေကိုဆံပင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဘီးတို့၊ကလစ်တို့၊ဆံညှပ်တို့လက်ဆောင်ပေး လိုက်ပါ။


၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695//09 44 5555 695