အပျိူကြီးရဲ့ လျှိူ့ဝှက်ခလုတ်


အပျိူကြီးရဲ့ လျှိူ့ဝှက်ခလုတ်

တခါတုန်းက ပဲအရမ်းများတဲ့ အပျိူကြီးတစ်ယောက်ဟာ သူ့ကို ချစ်ခွင့်လာပန်သူတိုင်းကို အိုက်တင်ခံပြီး ငြင်းပယ်လာရင်းနဲ့ အသက် (၅၀) ကျော်သွားတော့ သူ့ကို ကြိုက်မည့်သူမရှိတော့ဘူး။ နောက်ဆုံးမှာ ရှားရှားပါးပါး(၁၆)နှစ်သား ကောင်လေးတစ်ယောက်ကိုချစ်သူအဖြစ် ရလိုက်ပါတယ်။


အတိုချုပ်ပြောရရင် ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့အပျိုကြီး ကန်ဘောင်ပေါ်ကို ရောက်လာပါတယ်။ကန်ဘောင်မြက်ခင်းပေါ်ထိုင်ရင်း စကားပြောကြ၊ဘယ်ရွှေ့ဘယ်မျှ ချစ်ပါတယ် စသဖြင့်ပြောကြရင်းထီးကိုအကာအကွယ်ယူကာအနမ်းမိုး စွေကြတာလည်း အပါပေါ့။


ကောင်လေးက အတွေ့အကြုံသစ်မို့ အပျိုကြီးကို အားပါးတရ ဖက်ထားပါတယ်။ပြဿနာက စပါပြီ။ရည်းစား တစ်ခါမှ မထားခဲ့ဖူးတဲ့ အပျို ကြီးရှက်နေတဲ့အပြင် ညက ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင်းပဲကြီးလှော်တွေ အားပါးတရ စားထားခဲ့တာရယ်၊ဒီမနက်ခင်း ထမင်းကျော်နဲ့ ကြက်ဥပြုတ်စားခဲ့တာမို့ဗိုက်ကရစ်ပြီး လေလည်ချင်နေပါတယ်။


ကောင်လေးကလည်း အတင်းဖက်ထားလေတော့ရင်ခွင်ထဲက ရုန်းထွက်လို့က မရ။


ဒါနဲ့အပျိုကြီး မျက်စိကိုမှိတ် အံကြိတ်ပြီးလေမလည်အောင် အတင်း အောင့်ခံရင်းကချွေးသီးချွေးပေါက်တွေ ကျနေပေါ့။ကောင်လေးက ဖက် လေ၊အခြေအနေ မဟန်လို့အံကြိတ်ရုံတင်မက၊ခြေမကိုပါ အသားကုန်ကွေးပြီးမနည်းကြီး တောင့်ထားရှာပါတယ်။


ဒါကို ကောင်လေးက မြင်တဲ့အခါ(နားမလည်လို့နေမှာပေါ့)“ ချစ်မကြီးရယ်၊ဒီလောက်လှတဲ့ ခြေမလေးကိုဘာပြုလို့များ ကွေးထားတာလဲ “ကောင်လေးစကားကြားတော့အပျိုကြီးခမြာ ချွေးသီးချွေးပေါက်တွေ ကျနေတဲ့ကြားကမျက်လုံးပြူး ခေါင်းခါပြပါတယ်။


(ဆိုလိုချင်တာကတော့-သွားမထိလိုက်နဲ့ပေါ့)။ဒါကို မသိလို့ကောင်လေးကကွေးထားတဲ့ ခြေမကို ဆွဲဆန့်လိုက်တဲ့အခါ“ ဘူးးးးဘွတ်…”(လေလည်သံ အကျယ်ကြီး၊အရှည်ကြီး ထွက်ပြီး အနံ့ဆိုးတွေ တထောင်းထောင်းနဲ့။)အပျိုကြီးခမြာ အရှက်ဗြန်းဗြန်းကွဲပြီး ခေါင်း မဖော်ဝံ့တော့ပါ။


ဒါနဲ့ကောင်လေးခမြာ ဘာလုပ်လို့လုပ်ရမယ်မသိ။အပျိုကြီး မရှက်အောင်လို့ပြောမိပြောရာစကားတစ်ခွန်း ပြောလိုက်သည်မှာ“ ဆောရီးပါ ချစ်မကြီးရယ်၊ဒီခလုပ်က အီးခလုပ်မှန်း မသိလို့မှားနှိပ်မိတာပါ။နောက်ဆို မနှိပ်တော့ပါဘူး”


Credit Original