မနက်တိုင်း ဤသို့ပြုလုပ်ပြီး ရွှေကျီးမင်းဂါထာရွတ်ပါ အံ့သြဖွယ်ရာကောင်းအောင် ထူးခြားလာပါလိမ့်မယ်။

ဆန်လက်တစ်ဆုပ်ကို အောက်ပါ ဂါထာဖြင့် ၇ခေါက်မန်းပြီး ငှက်တွေ ကျီးတွေရှိရာ ကျက်စားရာနေရာသို့ ကျဲလိုက်ပါ။ ကုသိုလ်ဒါနပြုပြီးသားဖြစ်သွားပါပြီ။

အကျိုးသွားရလဒ်တွေကတော့ လာဘ်လာဘများပွင့်လန်းစေတယ်၊ အစာရေစာပေါများစေတယ်၊ ဘေးအန္တရာယ်အပေါင်းမှလည်းကင်းဝေစေတယ်။ အကျိုးရလဒ်တွေ ကတော့ပြောမကုန်ပဲ၊ ကိုကိုယ်တိုင်ပြုကြည့်မှ သိလိမ့်မယ်။

ရွှေကျီးမင်းဂါထာ။ အဂ္ဂေါဗုဒ္ဓေါ အဂ္ဂေါဓမ္မော အဂ္ဂေါသံဃော အနုတ္တရော

အဂ္ဂေါ မေ ဝိပါကော ဟောတု ယံယံ ဣစ္ဆာ သမိဇ္ဈတု။

အနက်အဓိပ္ပာယ်။ ဗုဒ္ဓေါ- ဘုရားရှင်သည်၊ အဂ္ဂေါ- အမြတ်ဆုံးသာတည်း၊ ဓမ္မော- တရားတော်သည်၊ အဂ္ဂေါ- အမြတ်ဆုံးသာတည်း၊ သံယော- သံဃာတော်သည်၊ အဂ္ဂေါ- အမြတ်ဆုံးသာတည်း။

အနုတ္တရော- သာလွန်သူ မရှိသော ပုဂ္ဂိုလ်မြတ်ဖြစ်သော၊ မေ-ရတနာသုံးပါးကို ကြည်ညိုသောတပည့်တော်အား၊ အဂ္ဂေါ- အမြတ်ဆုံးဖြစ်သော၊ ဝိပါကော- ကောင်းကျိုး ကျက်သရေအဖြာဖြာသည်၊ ဟောတု- မုချမသွေ ဖြစ်ပါစေသတည်း။

ယံယံ- ရှေ့တွင် တောင်းတသော ဥစ္စာဓနတို့သည်၊ ဣစ္ဆာ- စိတ်တွင် တောင်းတပါက၊ သမိဇ္ဈတု- ဘုရားလည်းမ၊ နတ်လည်းမ၍ လျင်မြန်စွာ ပြည့်စုံနိုင်ပါစေသတည်း။

ရွတ်ဖတ်ရခြင်းအကျိုး (မနက်၊ည -၂၇ကြိမ် မပြတ်ရွတ်ဖတ်ပေးပါ။) ဥစ္စာစည်းစိမ်များ ဒီရေအလားတိုးပွားလာမည့် အကျိုးကို ခံစားရရှိမည့်အပြင်

ဘေးအန္တာရာယ်ကင်းရှင်းလာမည်မှာ အမှန်ပင်။

အားလုံးသော သတ္တဝါအပေါင်း ဘေးရန်ကြောင့်ကြဆင်းရဲခြင်းကင်းပြီး အစာရေစာဝလင်ကြပါစေ။