၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂.၁.၂၀၂၂ မှ ၈.၁.၂၀၂၂ အထိ)


၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂.၁.၂၀၂၂ မှ ၈.၁.၂၀၂၂ အထိ)

၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂.၁.၂၀၂၂ မှ ၈.၁.၂၀၂၂ အထိ)


အလုပ်အကိုင် – တစ်ပတ်တာ အလုပ်ကိစ္စတွေမှာ အဆင်ပြေတာ များမယ်။ ဒါပေမယ့် လူလိမ်လူကောက်တွေနဲ့ ကြုံတတ်လို့ ဘယ်သူ့ကိုမှ ကျောချ မယုံသင့်ပါ။


စီးပွားရေးမှာ ကိုယ့်အရည်အချင်း၊ အစွမ်းအစတွေကို သုံးနိုင်ပြီး အောင်မြင်မှုလည်း ရလိမ့်မယ်။ ငွေကြေးကံလည်း ကောင်းမယ်။ ပရိယာယ်သုံးသင့်တဲ့နေရာမှာ သုံးရလိမ့်မယ်။


ကျန်းမာရေး – ဒီတစ်ပတ်မှာ ကျန်းမာဘေးကင်းမယ်။ ရောဂါဝေဒနာ ခံစားနေရရင် ပြန်သက်သာသွားမယ်။


လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်မပြတ်သားစရာတွေ၊ လွန်ဆွဲရတာတွေ ဖြစ်မယ်။ စုံတွဲနဲ့ အိမ်ထောင်ရှင်တွေကြားမှာ အချင်းချင်း ညှိနှိုင်းမရတာလေးတွေ ဖြစ်မယ်။


မကြာခဏလည်း စကားများရမယ်။ ဒါပေမယ့် အချိန်တန်ရင် ပြေလည်မှု ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ မိတ်ဆွေတွေရဲ့အကူအညီရမယ်။


ကံကောင်းစေတဲ့ အရောင် – ရောင်စုံကွက်၊ အဖြူ၊ အဝါဖျော့


ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉


ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အရှေ့မြောက်


ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး


ယတြာ – တစ်ပတ်တာအတွင်း အိမ်ကဘုရားမှာ နေ့စဉ် မုန့်ဟင်းခါးဆွမ်း ကပ်လှူပြီး ဆုတောင်းပေးပါ။


တနင်္လာနေ့ဖွား


အလုပ်အကိုင် – ရပ်ဝေးက သတင်းကောင်းတွေ ကြားရမယ်။ ကိုယ့်အပေါ်ကောင်းတဲ့ မတွေ့တာမဆုံတာကြာပြီ ဖြစ်တဲ့သူတွေနဲ့ ပြန်ဆုံရမယ်။ လုပ်ငန်းစီးပွား ကံကောင်းတတ်ပေမယ့် နည်းနည်း နောက်ကျတာ၊ ဖင့်နှေးတာမျိုး ဖြစ်မယ်။ စိတ်ရောလူပါ အပင်ပန်းခံလုပ်လိုက်မှ ပိုကောင်းသွားမယ်။ ငွေကြေးရလမ်း ပွင့်မယ်။ ကြွေး ပြန်ရမယ်။


ကျန်းမာရေး – ခေါင်းနောက်စရာတွေ၊ စိတ်ပူပန်စရာတွေ ဖြစ်တတ်တယ်။ ကျန်းမာရေး သတိပြုသင့်တယ်။


လူမှုအိမ်ထောင် – မေတ္တာရေးရာကံဇာတာ ညံ့တတ်တယ်။ အထင်အမြင် လွဲတာ၊ ဘေးပယောဂ ဝင်လာတာမျိုး ဖြစ်တတ်တယ်။ စကားတွေ မှားပြီး ငြင်းရခုံရ ဖြစ်လာနိုင်တယ်။


စိတ်ရှည်သည်းခံပေးရလိမ့်မယ်။ မိတ်ဆွေရေး၊ လူမှုရေးကဏ္ဍမှာ အပေါင်းအသင်းကြောင့် စိတ်ညစ်ရတတ်တယ်။ သူများကိစ္စတွေကို ကြားဝင်ပေးရလိမ့်မယ်။


ကံကောင်းစေတဲ့ အရောင် – အဖြူဆွတ်ဆွတ်၊ ပုလဲရောင်၊ ခရမ်းဖျော့


ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၂


ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အရှေ့မြောက်


ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ တနင်္ဂနွေ


ယတြာ – မွေးနေ့ (တနင်္လာ) မနက်ပိုင်း အိမ်ကဘုရားမှာ ငှက်ပျောသီး ၂ လုံးပေါ် သကြားဖြူးပြီး ဆွမ်းကပ်ပါ။


အင်္ဂါနေ့ဖွား


အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်ကိစ္စနဲ့ စိတ်ပူရတာတွေ များလာမယ်။ စွန့်စားရတဲ့အလုပ်တွေမှာ ဆုံးရှုံးမှုက ကြီးမားတတ်လို့ ဆိုင်းငံ့ထားသင့်တယ်။


အလုပ်တွေကို ပုံမှန်ထက် ခပ်သွက်သွက်နဲ့ အသည်းအသန် လုပ်ရမယ်။ အချိန်မီ ပြီးစီးအောင် ရုန်းကန်ရတတ်တယ်။ အကျိုးအမြတ်ကျတော့ နည်းလိမ့်မယ်။ ငွေအတွက် စိတ်ညစ်မယ်။


ကျန်းမာရေး – အရေပြား၊ အာရုံကြောနဲ့ပတ်သက်တာ သတိပြုရမယ်။ သွေးထွက်သံယို ဖြစ်တတ်တယ်။


လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကောင်းအဆိုးလေးတွေ ယှဉ်တွဲနေမယ်။ စိတ်ထဲ ဝေခွဲရခက်ပြီး စဉ်းစားရကျပ်တာတွေလည်း ဖြစ်လာတတ်တယ်။


ချစ်သူနှစ်ဦးကြား သံသယတွေ၊ စိတ်ကုန်တာတွေ ဖြစ်နေလို့ ဒီကာလမှာ နားလည်မှု လိုအပ်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ ကိုယ့်အပေါ် စေတနာကောင်းသူ ရှိမယ်။


ကံကောင်းစေတဲ့ အရောင် – ခရမ်းပြာ၊ အစိမ်းရင့်


ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၁


ကံကောင်းစေတဲ့ အရပ် – အနောက်မြောက်


ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ သောကြာ


ယတြာ – စိတ်ဝေဒနာရှင် (သို့) ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတစ်ဦးကို အစာအာဟာရ ဒါနပြုလှူဒါန်းပေးပါ။


ဗုဒ္ဓဟူးနေ့ဖွား


အလုပ်အကိုင် – ငွေကြေးစီးပွားကံတွေ ပွင့်လန်းလာမယ်။ အလုပ်နှစ်မျိုး တွဲလုပ်ရတာ၊ အခွင့်အလမ်းနှစ်မျိုးက တစ်ပြိုင်တည်း ပေါ်လာတာမျိုး ကြုံရတတ်တယ်။


လုပ်ငန်းတွေ လက်စမသတ်တတ်တာကိုတော့ သတိပြုရမယ်။ ငွေဝင်လမ်းကြောင်းသစ်တွေ တွေ့ရမယ်။ စပ်တူအကျိုးတူကိစ္စ အောင်မြင်မယ်။ အောက်လူနဲ့ အချင်းများမယ်။


ကျန်းမာရေး – သိပ်နေမကောင်းချင်ဘဲ ဖြစ်တတ်တယ်။ ဆေးမှား၊ အစားမှားတတ်တာမျိုး ဂရုစိုက်ရမယ်။


လူမှုအိမ်ထောင် – လူငယ်လူရွယ်တွေအတွက် မေတ္တာရေးကံတွေ ပွင့်မယ်။ စန်းတွေ ပွင့်ပြီး စိတ်ချမ်းသာရမယ်။ လူလွတ်တွေလည်း ချစ်သူတွေ့တတ်သလို စုံတွဲတွေ၊


အိမ်ထောင်ရှင်တွေလည်း ပျော်ရွှင်ရမယ့်ကာလဖြစ်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့လည်း ကံကောင်းမယ်။ ကိုယ့်ကို ကူညီဝိုင်းဝန်းမယ့်သူတွေ များမယ်။


ကံကောင်းစေတဲ့ အရောင် – ကောင်းကင်ပြာ၊ အဖြူ


ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၄ ၊ ၉


ကံကောင်းစေတဲ့ အရပ် – တောင်၊ မြောက်


ကံကောင်းစေတဲ့ နေ့ရက် – သောကြာ ၊ ဗုဒ္ဓဟူး


ယတြာ – တစ်ပတ်အတွင်း အိမ်ကဘုရားမှာ လက်ဖက်ရည်နဲ့ ပေါင်မုန့်ဆွမ်းကို မနက်တိုင်း ကပ်လှူပေးပါ။


ရာဟုဖွား


အလုပ်အကိုင် – ဒီတစ်ပတ်မှာ ကူညီပေးမလိုလိုနဲ့ အနှောင့်အယှက်ပေးသူတွေနဲ့ပဲ တွေ့ရတတ်တယ်။ ဘယ်ကိစ္စ ဘယ်အလုပ်မဆို ကိုယ့်ကိုယ်ကိုပဲ အားကိုးတာ ကောင်းမယ်။


သူတစ်ပါးအားကိုးရင် မှားလိမ့်မယ်။ အလုပ်စီးပွား ကံဇာတာ အတော်လေး အားကောင်းလာမယ်။ ငွေရေးကြေးရေး ကံကောင်းတတ်ပေမယ့် အကုန်အကျ ရှိမယ်။


ကျန်းမာရေး – လေထိုးလေအောင့် ဖြစ်တတ်တယ်။ အစာမကြေတာတွေလည်း ခံစားရတတ်တယ်။


လူမှုအိမ်ထောင် – တစ်ပတ်လုံးမှာ ပျော်စရာရွှင်စရာတွေ များလာနိုင်တယ်။ လူငယ်တွေဆိုရင် နှလုံးသားရေးမှာ ကံတွေ ကောင်းလာပြီး လိုအင်ဆန္ဒတွေလည်း ပြည့်ဝတတ်တယ်။


အရင်တုန်းက လူဟောင်း၊ အဆက်ဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။ လူမှုဆက်ဆံရေးမှာ သတိထားရမယ့်ကိစ္စတွေ ရှိမယ်။ မကြာခဏ စိတ်ညစ်ရတတ်တယ်။


ကံကောင်းစေတဲ့ အရောင် – မီးခိုးရောင်၊ ကော်ဖီရောင်


ကံစမ်းနိုင်တဲ့ ဂဏန်း – ၅ ၊ ၈ ၊ ၄


ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အနောက်မြောက်


ကံကောင်းစေတဲ့ နေ့ရက် – သောကြာ၊ ဗုဒ္ဓဟူးမွန်းလွဲနောက်ပိုင်း


ယတြာ – တစ်ပတ်အတွင်း ဘုရားမှာ ရွှေရင်အေးမုန့်နဲ့ သာကူမု့န်ကို မကြာခဏ လှူဒါန်းပြီး ဆုတောင်းပါ။


ကြာသပတေးနေ့ဖွား


အလုပ်အကိုင် – လုပ်ငန်းစီးပွားကဏ္ဍမှာ လက်မထောင်စရာ၊ အားတက်စရာအခြေအနေတွေ ကြုံရတတ်တယ်။ ကံတရားက အခွင့်အရေး ပေးလာချိန် ဖြစ်လို့ ကိုယ့်ဘက်က


သေချာကြိုးစားအားထုတ်ရင် အောင်မြင်မှုတွေက ဆင့်ကဲရလာတတ်တယ်။ အများနဲ့ပတ်သက်ဆက်ဆံရတဲ့အလုပ်တွေ ကောင်းမယ်။ ဝင်ငွေလမ်းသစ် ပေါ်မယ်။


ကျန်းမာရေး – ဘေးကင်းကျန်းမာမယ့်ကာလ ဖြစ်တယ်။ စိတ်ရောကိုယ်ပါ ကြည်လင်မှု ရလာလိမ့်မယ်။


လူမှုအိမ်ထောင် – ဒီတစ်ပတ်မှာ မေတ္တာရေး ကံခေတတ်တယ်။ အချင်းချင်းကြား စကားများရာကနေ အခြေအနေ ဆိုးသထက် ဆိုးတာမျိုး ဖြစ်သွားတတ်တယ်။


သည်းခံစိတ်လျှော့ပေးလိုက်မှ ပြဿနာတွေကို ရှင်းလင်းနိုင်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ ပုံမှန်အတိုင်း ရှိမယ်။ မိသားစုအရေး ရတက်မအေးစရာတွေ ပေါ်လာလိမ့်မယ်။


ကံကောင်းစေတဲ့ အရောင် – အဝါဖျော့၊ အဖြူ


ကံစမ်းနိုင်တဲ့ ဂဏန်း – ၅ ၊ ၆


ကံကောင်းစေတဲ့ အရပ် – အနောက်


ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ဗုဒ္ဓဟူး


ယတြာ – တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ အသက်လွတ်ကြာဆံကြော် ဆွမ်းကပ်ဆုတောင်းပါ။


သောကြာနေ့ဖွား


အလုပ်အကိုင် – စီးပွားရေးမှာ ခြေချော်လက်ချော်တွေ ဖြစ်လာနိုင်လို့ ဒီတစ်ပတ်လုံးမှာ ဘာပဲလုပ်လုပ် နှစ်ဆ ပို သတိထား လုပ်ကိုင်ရမယ်။ လုပ်ငန်းကိစ္စမှာ ခေါင်းခဲစရာတွေ၊


ပူလောင်စရာတွေ ဖြစ်လာနိုင်တယ်။ အလုပ်ပျက် စီးပွားရပ်မယ့် ပြဿနာတွေလည်း ဖြေရှင်းရတတ်တယ်။ ဒါပေမယ့် သေချာကြိုးစားလိုက်ရင် သက်သာရာရမယ်။


ကျန်းမာရေး – သာမန်ထက် ချူချာအားနည်းတတ်တယ်။ ဘေးအန္တရာယ် မရှိပေမယ့် ဂရုစိုက်ဖို့တော့ လိုမယ်။


လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်သောက ရောက်စရာလေးတွေ ဖြစ်လာမယ်။ အချင်းချင်း ရန်လိုတာ၊ တိုက်ခိုက်တာတွေ ဖြစ်တတ်လို့ တချို့


ကိစ္စတွေမှာ မျက်နှာလွှဲ မသိချင်ယောင်ဆောင်ပေးလိုက်ပါ။ လူမှုရေးမှာ အပေါင်းအသင်းဆိုးတွေနဲ့ ကြုံရတတ်တယ်။ မိတ်ဆွေအသိုင်းအဝိုင်းက ဒုက္ခတွေ ပေးတတ်တယ်။


ကံကောင်းစေတဲ့ အရောင် – ရောင်စုံကွက်၊ အဖြူကွက်


ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၄


ကံကောင်းစေတဲ့ အရပ် – မြောက်


ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ သောကြာ


ယတြာ – နေ့စဉ်မနက်တိုင်း အိမ်ကဘုရားမှာ သကြားဖြူးဆွမ်းနဲ့ သစ်သီးတစ်မျိုးမျိုးကို ကပ်လှူပေးရမယ်။


စနေနေ့ဖွား


အလုပ်အကိုင် – လုပ်ငန်းတွေ ဖရိုဖရဲ ဖြစ်လာတတ်သလို ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလိုနဲ့ အချိန်သာကုန် ကိုယ့်အတွက် အကျိုးမရှိ ဖြစ်လာမယ်။


လုပ်ငန်းတွေ လက်စမသတ်နိုင်ဘဲ ဖြစ်မယ်။ ဟိုကျန်ဒီကျန်တွေလည်း ဖြစ်လာတတ်တယ်။ ငွေကြေးပိုင်းမှာ အားမလိုအားမရတွေ ဖြစ်မယ်။ အလီလီခွဲယူရတာမျိုးတွေ ဖြစ်လာမယ်။


ကျန်းမာရေး – အပူလောင်၊ ဓာတ်လိုက်တာမျိုး သတိထားရမယ်။ တုတ်၊ ဓား၊ လက်နက်နဲ့ ခပ်ဝေးဝေးနေပါ။


လူမှုအိမ်ထောင် – ဒီတစ်ပတ် မေတ္တာရေးကဏ္ဍမှာ အားကိုးရတဲ့၊ အကူအညီအထောက်အပံ့လည်း ဖြစ်တဲ့ ချစ်သူ၊ လက်တွဲဖော်မျိုး ရတတ်တယ်။


စုံတွဲတွေ၊အိမ်ထောင်ရှင်တွေလည်း အချင်းချင်း အပြန်အလှန် ကူညီပေးနိုင်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အလျော့အတင်းလေးတွေ လုပ်ရလိမ့်မယ်။ မိတ်ဆွေကြောင့် စိတ်ပူပန်ရတတ်တယ်။


ကံကောင်းစေတဲ့ အရောင် – အစိမ်း၊ အဝါ


ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၅


ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ တောင်


ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး ၊ တနင်္လာ


ယတြာ – အိမ်က ဖိနပ်စုတ်တွေ၊ ထီးဟောင်းတွေ စတဲ့ စနေနံတွေ ရှင်းထုတ်ပစ်ပါ။ အဝတ်ဟောင်းပါ စွန့်ပစ်ပါ။


crd ဆရာဧက