ချစ်သူကောင်မလေးနဲ့ စုံတွဲပုံလေးကို ချစ်သူသက်တမ်း(၁)နှစ်ပြည့်တဲ့နေ့လေးမှာ ပရိတ်သတ်တွေကို ထုတ်ပြလိုက်တဲ့ အဆိုတော် ရေမွန်


ချစ်သူကောင်မလေးနဲ့ စုံတွဲပုံလေးကို ချစ်သူသက်တမ်း(၁)နှစ်ပြည့်တဲ့နေ့လေးမှာ ပရိတ်သတ်တွေကို ထုတ်ပြလိုက်တဲ့ အဆိုတော် ရေမွန်

လူငယ်ကြိုက် Idiots Band ရဲ့ ပင်တိုင်အဆိုတော် တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ သီချင်းကောင်းလေးတွေ ကိုယ်တိုင်ခံစားရေးသားသလို သီဆိုခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရေမွန်ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ဘယ်အချိန် နားထောင်ထောင် မရိုးသွားတဲ့ သီချင်းတွေအဖြစ် ကျော်ကြားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရေမွန်က သူ့ရဲ့ Idiots Band နဲ့အတူတူ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးရင်း ဂီတလမ်းကြောင်းမှာ အောင်မြင်မှုေ တွနဲ့ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။


လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ ရေမွန်က ဒီကနေ့မှာတော့ သူ့ရဲ့ ချစ်သူမိန်းကေ လးနဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ ပရိသတ်ကို သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ချပြလာခဲ့ပါပြီ။ ရေမွန်က သူ့ရဲ့ချစ်သူမိန်းကလေးကို “Happy 1 Year Anniversary ပါ ဘေဘီ.. ကိုယ်တို့ဒီလောက်ကြာကြာတွဲနေခဲ့တ မယုံနိုင်ဘူး။ ဒါပေမယ့် တို့နှစ်ယောက်အတူတူ အမှတ်တရကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ကိုယ်နဲ့အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ချစ်စကား ဆိုလာတာပဲ ဖြစ်ပါတယ်။




ရေမွန်ကတော့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ သူ့ရဲ့မိန်းကလေးကို လူသိရှင်ကြားမိတ်ဆက်ပေးလာတာပဲ ဖြစ်ပါတယ်။။ ရေမွန်တို့ ချစ်သူနှစ်ဦး ချစ်သက်တမ်း (၁) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် ထာဝရလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။


Source: Wai Mon Oo’s fb

Credit – Cele Connections