ကွတ်ခိုင်၊ လွယ်ပယ်စုစည်းရွာမှာ လက်နက်ကြီးကျ

2019-08-24 14:51:10


ကွတ်ခိုင်၊ လွယ်ပယ်စုစည်းရွာမှာ လက်နက်ကြီးကျ

ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာမှာ မနေ့ည ၈ နာရီလောက်က လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့လို့ ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။


ဒီကနေ့ မနက်မှာတော့ လွယ်ပယ်ရွာက ရွာသားတစ်ရာကျော်ကို ပရဟိတအဖွဲ့တွေက ကွတ်ခိုင်မြို့ပေါ်က တောင်းတန်းသာသနာပြုကျောင်းမှာ နေရာချပေးထားပါတယ်။ဓါတ်ပုံ – ကံသာ/ RFA


လက်နက်ကြီးကျည်ထိမှန်လို့ ရွာသားတချို့ ကွတ်ခိုင်နဲ့ လားရှိုးဆေးရုံမှာ ကုသခံနေရ . . . ကွတ်ခိုင်မြို့နယ်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကနေ နမ့်ဖလွန်ရွာက နေအိမ်တစ်အိမ်တစ်အတွင်း မနေ့ညက မိုင်းကျခဲ့ပါတယ်။




အဲဒါကြောင့် နေအိမ်မှာရှိနေတဲ့ ဦးစောကြားရှီး မိုင်းထိမှန်ခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးက ခွဲစိတ်ဆောင်မှာ တက်ရောက်ဆေးကုသမှု ခံယူနေရပါတယ်။ဆေးရုံမှာတက်ရောက်ကုသနေတာ မှန်ကန်ကြောင်းနဲ့ အသေးစိတ်တော့ ပြောလို့မရကြောင်း တာဝန်ကျ ဆရာမတစ်ဦးက ပြောပါတယ်။