ညဘက်မှာ ကိုယ်ထူကိုယ်ထပြီး ရပ်ကွက် ကိုစောင့်ရှောက်နေ ကြ တဲ့လူငယ်တွေကို တရင်းတနှီးနဲ့ အားပေးစကားထွက်ပြောပေးတဲ့ စမိုင်းလ်


ညဘက်မှာ ကိုယ်ထူကိုယ်ထပြီး ရပ်ကွက် ကိုစောင့်ရှောက်နေ ကြ တဲ့လူငယ်တွေကို တရင်းတနှီးနဲ့ အားပေးစကားထွက်ပြောပေးတဲ့ စမိုင်းလ်

ပရိသတ်တွေနဲ့အကူအညီလိုအပ်သူတွေကို အမြဲကူညီပေးတတ်တဲ့ စမိုင်းလ်ကတော့ စိတ် ထား လေးအရမ်းကောင်းလို့ လူချစ်လူခင်ပေါ များနေတာပဲဖြစ် ပါတယ် နော်။စမိုင်းလ်က လက်ရှိဖြစ် ပေါ် နေတဲ့အခြေအနေတွေအတွက် လမ်းပေါ်ထွက်ပြီး ပြည်သူလူထုကို တတ် နိုင် သလောက်ကူ ညီ ဖေးမပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံကကူညီပေးလိုက်လို့ အဆင်ပြေသွားတဲ့ လူ တွေကလည်း သူမတို့မိသားစုကို အမြဲဆုတောင်းပေးနေကြတာဖြစ်ပါတယ်နော်။ စမိုင်းလ်တို့ ဇနီး မောင်နှံက လူတွေကို ကူညီ ဖို့ဆိုရင် စိတ်တူကိုယ်တူရှိကြပြီး အရမ်းစိတ်အားထက်သန် ကြ တာ ဖြစ် ပါတယ်။



စမိုင်းလ်တို့ဇနီးမောင်နှံကတော့ လက်ရှိအရေးကိစ္စမှာဆိုရင် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ် တည် ပြီး လိုအပ်တဲ့အကူအညီတွေကိုလည်းပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့က နေ့တိုင်း လမ်းပေါ်ထွက်ပြီး စားစရာ၊သောက်စရာအချို့နဲ့ အကာအကွယ်ပစ္စည်းတွေကို လည်း လှူဒါန်းနေ တာ ဖြစ် ပါတယ်နော်။စမိုင်းလ်တို့က အခုလိုကာလမျိုးမှာ အိမ်ထဲ မှာပဲမနေဘဲ ပြည်သူတွေနဲ့အ တူ ရင်ဘောင်တန်းပြီး ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။စမိုင်းလ်ကိုယ်တိုင်ကလည်း ဘာသာတ ရား ကိုင်းရှိုင်းတဲ့သူဖြစ်လို့ အမြဲဘုရားတရားလုပ်ပြီး မေတ္တာပို့ပေးနေတာဖြစ်ပါတယ်နော်။



လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ညဘက်တွေမှာဆိုရင် ပြည်သူလူထုက မိမိ ရဲ့ရပ်ကွက်မှာ အလှည့်ကျ ကင်းစောင့်ပြီး စောင့်ရှောက် နေကြတာဖြစ်ပါ တယ်။ စမိုင်းလ် တို့နေ ထိုင် ရာရပ်ကွက်မှာဆိုရင်လည်း လူငယ်တွေ က ကိုယ်ထူကိုယ်ထစနစ်နဲ့ ကင်းစောင့်နေကြ တာ ပါနော်။စမိုင်းလ်ကလည်း ကင်းစောင့်နေကြတဲ့လူငယ်တွေကို တရင်းတနှီးနဲ့အားပေးစကား လေး ထွက်ပြောပေးတာ ဖြစ်ပါတယ်။စမိုင်းလ်ကတော့ လူတိုင်း အပေါ်မှာမေတ္တာတရားနဲ့သာဆက်ဆံ ပြီး လိုအပ်တဲ့ အကူအညီတွေကိုပေးနေတာ ဖြစ်လို့ အရမ်းလေးစား ဖို့ကောင်းတဲ့ အနုပညာရှင် တစ် ယောက်ဖြစ်ပါတယ်နော်။



Source&Photo Credit:Smile စမိုင်းလ် Facebook page