ပြည်သူလူထုနဲ့အတူရပ်တည်ရင်း နေ ပူထဲမှာ အချိန်အတော်ကြာအောင် ညှိုး ငယ်တဲ့ မျက်နှာလေး နဲ့ လှုပ်ရှားမှုပြု လုပ် ခဲ့ တဲ့ ခင်ဝင့်ဝါ


ပြည်သူလူထုနဲ့အတူရပ်တည်ရင်း နေ ပူထဲမှာ အချိန်အတော်ကြာအောင် ညှိုး ငယ်တဲ့ မျက်နှာလေး နဲ့ လှုပ်ရှားမှုပြု လုပ် ခဲ့ တဲ့ ခင်ဝင့်ဝါ

မင်းသမီးချောလေး ခဝ်ဝင့်ဝါ ကတော့ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ် ပြီး ပါဝင်တဲ့ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင် ခဲ့သူလေးဖြစ်ကာ ပ ရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ် ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ခေးလေးလို့ ခေါ်နေကြတဲ့ သူမကတော့ ပုရိသတွေရဲ့ အချစ် တော်လေးလို့ ပြောလို့ရပြီး ရုပ်ရှင် ဇာတ်ကားကြီး တွေအပြင် ဇာတ်ကားတွေကိုလည်း ရိုက်ကူး လျက်ရှိတာတွေ့ရပါတယ်။



လတ်တ လောမှာတော့ ခင်ဝင့်ဝါက ပြည်သူ့ ပရိသတ်တွေနဲ့အတူ တိုင်းပြည် ရဲ့အနာဂါတ်ကို အ ကောင်း ဆုံးဖြစ်အောင် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုတွေမှာ နေ့စဉ်တိုင်း တက်တက်ကြွကြွနဲ့ ပါ ဝင်နေတာကိုလည်း တွေ့မြင်ရပါတယ်။အခုလည်း အချိန်အတော်ကြာအောင် နေပူထဲမှာ ရပ် ပြီး အရေးတော်ပုံ အောင်နိုင်ရေး နဲ့ CDM မှာပါဝင်ပေးကြ ရန်ပြည်သူ လူထု နဲ့အတူ တောင်းဆိုရင်း ညှိုး ငယ်တဲ့မျက်နှာလေးနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။



ခင်ဝင့်ဝါ ကတော့ ပြည်သူတွေနဲ့ အတူ ရပ်တည်ရင်း မမောနိုင် မပန်းနိုင် လှုပ်ရှား ပါဝင်နေတဲ့ပုံ လေး တွေ နဲ့ အတူ “ကဲ ဒီနေ့ ကျွန်မတို့တတွေ ကောက်ရိုးမီး မဟုတ်ကြောင်း သက်သေပြကြရ အောင် ကျွန်မတို့ အားလုံး ညီစေနော် “ဆိုတဲ့စာလေးကိုပါ ရေးသားဝေမျှထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါ ရဲ့ လှုပ်ရှားမှုပုံ လေးတွေ ကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက် ပါတယ်။


Source & Photo Credit : Khin Wint Wah Facebook Page