အာဏာသိမ်းခံရတဲ့ (၁၆) ရက်အတွင်း အဖြစ်အပျက်တွေကို ချပြရင်း ကမ္ဘာကြီးအနေနဲ့ မြန်မာ့ နိုင်ငံသားတွေရဲ့ အသံကို နားစွင့်ပေးဖို့ မေတ္တာရပ်ခံလာတဲ့ အောင်လအန်ဆန်


အာဏာသိမ်းခံရတဲ့ (၁၆) ရက်အတွင်း အဖြစ်အပျက်တွေကို ချပြရင်း ကမ္ဘာကြီးအနေနဲ့ မြန်မာ့ နိုင်ငံသားတွေရဲ့ အသံကို နားစွင့်ပေးဖို့ မေတ္တာရပ်ခံလာတဲ့ အောင်လအန်ဆန်

မြန်မာ့စပါးအုံးမြွေလို့ ပရိသတ်တွေက ခေါ်ဆိုကြတဲ့ အောင်လအန်ဆန်ကတော့ လက်ရှိ မြန်မာ့ပြ ည်တွင်းရေးနဲ့ ပက်သတ်ပြီး အစောပိုင်းမှာ ဘာကိုမှလှုပ်ရှားမှုမပြခဲ့တာကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆ န်က တော့ ဒီကနေ့မှာတော့ အာဏာသိမ်းခံရတဲ့ (၁၆) ရက်အတွင်းက အဖြစ်အပျက်တွေကို ပြောပြ ရင်း ကမ္ဘာကြီးအနေနဲ့ မြန်မာ့နိုင်ငံသားတွေရဲ့ အသံကို နားစွင့်ပေးဖို့ မေတ္တာရပ်ခံလာတာကို တွေ့ ရပါတယ်။



“ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်က အာဏာသိမ်းတာ ဒီနေ့နဲ့ဆို ၁၆ ရက်ရှိပါပြီ။ ဒီအခြေအနေ ပေါ်ချက်ချင်းဆိုသလို ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ရဲဝန် ထမ်း တွေကပါ CDM လှုပ်ရှားမှုနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့တွန်းလှန်နေကြပါတယ်။ မမျှော်လင့်စွာ ပဲဒီ ရက်တွေမှာနေပြည်တော်၊ မန္တလေးစတဲ့မြို့တွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းတာတွေက ပိုပြီးဆိုး ရွား လာနေတာ တွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကပဲ ကျွန်တော့်မွေးရပ်မြေမြစ်ကြီးနားမှာလ ည်းပြည် သူတွေပစ်ခတ်နှိမ်နှင်းခံခဲ့ရပါသေးတယ်။



ဒါတင်မကဘူး အာဏာထိန်းသိမ်းတဲ့အခြေအနေကို ထိ ပါးခြိမ်းခြောက်တဲ့ ဘယ်သူ့ကိုမဆို ဖမ်း ဆီးလို့ရမယ့်ဥပဒေတွေကိုပါထပ်ပြီးထုတ်ပြန်တယ်။ ပြည်တွင်းကလူတော်တော်များများလည်း ည ကြီးမိုးချုပ်တွေမှာအကြောင်းပြချက်မရှိပဲဖမ်းဆီးခံနေရသလို အင်တာနက်သုံးစွဲ တာတွေကို ပါ ထိ န်းချုပ်ကန့်သတ်ထားတာတွေရှိနေတယ်။ အဲ့ဒီအပြင်ဒီကာလမျိုးမှာ အကျဉ်းသား နှစ်သောင်း ကျော်လွှတ်ပေးပြီးတော့ အဲ့ဒီလွတ်လာတဲ့အထဲကတချို့က သာမာန်ပြည်သူတွေလုံခြုံ အေး ချမ်း မှုကိုအနှောက် အယှက်ဖြစ်မယ့်အပြုအမူတွေလုပ်လာနေကြတယ်။”



“လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ပါတီတွင်းကခေါင်းဆောင် တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်းထိမ်းသိမ်းခံနေရပြီး သူတို့နဲ့ပတ်သက်တဲ့ သတင်းတိတိကျကျ တောင်မှ ကျွန်တော်တို့ မကြားရသေးဘူး။ဒီအခြေနေတွေအားလုံးအပေါ်မှာ ကျွန်တော် စိတ် မကောင်းကြီးစွာဖြစ်ရပါတယ်။မြန်မာနိုင်ငံက ဒီမိုကရေစီအရသာကို ခံစားရတာနှစ်အနည်း ငယ်ပဲရှိပါသေးတယ်။ အခုတော့ဒါတွေအားလုံးက လက်ရှိအခြေအနေမှာပျက်စီးခဲ့ရပါတယ်။



လတ်တလောမှာ မြန်မာနိုင်ငံသားတွေတညီတည်းရှိနေတဲ့ဆန္ဒတွေက ….. ဒီအာဏာသိမ်းမှုကို နောက်ပြန်လှည့်ပေးဖို့ ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့နဲ့ ဒီမို ကရေစီစနစ်ကိုပြန်လည်ထူထောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တစ်ကမ္ဘာလုံးကို မေတ္တာရပ်ခံချင် တာက ဒီအခြေအနေမှာ မြန်မာနိုင်ငံသားတွေရဲ့အသံကို နားစွင့်ပေးဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန် လည်အသွင်ကူးပြောင်းနိုင်ဖို့အတွက် သူတို့အကူအညီတွေပြသပေးဖို့ပါ။”



“ဒီအခြေအနေကို ငြိမ်းချမ်းစွာတွန်းလှန်ဖို့ကြိုးစားကြတဲ့ဘယ်လှုပ်ရှားမှုကိုမဆို ကျွန်တော်ထော က်ခံအားပေးပါတယ်။နောက်ထပ်ကျွန်တော်တိုက်တွန်းချင်တာက နိုင်ငံသားကောင်းပီသစွာ ယ ဉ်ကျေးမှုရှိရှိတုံ့ပြန်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိမိတို့ဆန္ဒရှိရာကို ဆက်လက်ထုတ်ဖေါ်ပေးဖို့ပါ။ဆ နဒ ထုတ်ဖော်တဲ့နေရာမှာ ရန်လိုမှုနဲ့စရင် ရန်လိုမှုနဲ့ပဲကြုံကြရလိမ့်မယ်။ ဒါတွေကိုကျော် ဖြတ် ဖို့အ တွ က်တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ အာရုံစူးစိုက်မှုရှိဖို့ပဲလိုပါတယ်။ဒီလိုအခြေအနေမှာ ကျွန် တော် တို့ နို င်ငံသားတွေအားလုံးဘေးကင်းစေဖို့ ကျွန်တော်ဆက်ပြီးဆုတောင်းနေပါမယ်။ Stay strong and God Bless the people of Myanmar!” ဆိုပြီး အင်္ဂလိပ်ဘာသာစကားနဲ့ သူ့ရဲ့ ဖေ့စ်ဘု တ် စာမျက်နှာမှာ ပြောထားတာ ဖြစ်ပါတယ်။



အောင်လအန်ဆန်ကတော့ ကချင်တိုင်းရင်းသားတစ်ယောက်အဖြစ် စစ်အကြမ်းဖက်မှုတွေကို ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာလည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့ အသံကို နားစွင့်ပေးဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေး ကြ တဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင် ဆို င်နို င်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။


Source: Aung La Nsang(Burmese Python)’s fb

Bilie – Cele Connections