ဗဟိုဘဏ်ရှေ့မှာပြုလုပ်တဲ့ လူထုလှုပ် ရှားမှုမှာ တက်တက်ကြွကြွပါဝင်ရင်း ပြည်သူတွေကိုအအေးတွေပေးဝေနေ ခဲ့တဲ့ Rဇာနည်


ဗဟိုဘဏ်ရှေ့မှာပြုလုပ်တဲ့ လူထုလှုပ် ရှားမှုမှာ တက်တက်ကြွကြွပါဝင်ရင်း ပြည်သူတွေကိုအအေးတွေပေးဝေနေ ခဲ့တဲ့ Rဇာနည်

အဆိုတော်Rဇာနည်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်​ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့ တာဖြ စ်ပါတယ်။အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ Rဇာနည်ကတော့ ဇနီးသည်ဝမ်း နဲ့အတူပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲဖြစ်ပြီး ချစ် စရာကောင်းတဲ့ သားလေး၂ယောက်နဲ့သမီးလေး၁ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။




သူတို့မိသားစုလေးကတော့ တက်ညီလက်ညီနဲ့ စည်းစည်းလုံးလုံးရှိကြကာ ပရိသတ်တွေအားကျ ချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။ Rဇာနည်တို့မိသားစုလေးက တော့ လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေမှာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူညီကျသူတွေပဲဖြစ်ပါတယ်။ Rဇာနည်ရဲ့ဇနီးသည်ဖြစ်သူဝမ်းကတော့ လူထုလှုပ်ရှားမှုတွေမှာ အားမာန်အပြည့်နဲ့ပါဝင်နေကြတဲ့ ပြည်သူတွေ အမောပြေသောက်ရအောင် အအေးတွေ၊စားစရာတွေလှူဒါန်းခဲ့သေးတာပဲ ဖြစ်ပါ တယ်။



Rဇာနည်ကတော့ ယခုတွင်  ဗဟိုဘဏ်ရှေ့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါ ဝင် ရင်း ပြည်သူတွေကို အအေးတွေပေးဝေနေခဲ့တာပဲဖြစ်ပါတယ်။သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်း က တစ်ခြားသောအနုပညာရှင်တွေနဲ့အတူ လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့သေးတာပဲဖြစ်ပါတယ်။ ပြ ည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသနေရင်း မမောနိုင်မပန်းနိုင်ပါဝင်နေတဲ့ အဆိုတော်Rဇာန ည်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေး တွေကို အောက်မှာကြည့်နိုင်ပါတယ်။