Blue Mark ရထားတဲ့ Page ကို ဖျက်ဆီးလိုက်လို့ရပေမယ့် ရင်ထဲက ဆန္ဒတွေကိုတော့ ဘယ်လိုမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူးဆိုတဲ့ နေတိုး


Blue Mark ရထားတဲ့ Page ကို ဖျက်ဆီးလိုက်လို့ရပေမယ့် ရင်ထဲက ဆန္ဒတွေကိုတော့ ဘယ်လိုမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူးဆိုတဲ့ နေတိုး

ရခိုင်တိုင်းရင်းသား မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ လက်ရှိအချိန်မှာ မြန်မာ လူ မျိုးတစ်ယောက်ပီပီ နိုင်ငံတော် အေးချမ်းတည်ငြိမ်ဖို့နဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရ အ ဖွဲ့ ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ နေတိုးက နိုင်ငံသားတစ် ယော က် ပီပီ ဒီမိုကရေစီလမ်းစဉ်အတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် သူအနှစ်နှစ်အလလ အသုံး ပြု လာတဲ့ Nay Toe ဖေ့စ်ဘုတ်ပေ့ချ်က ဖျက်စီးခြင်းခံလိုက်ရပြီလို့ အခုလိုပဲ ပြောလာပါတယ်။



“ကျွန်တော့်ကိုစိတ်ပူပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ လက် ရှိအချိန်မှာ blue mark ရထားတဲ့page ကိုပြန်ရဖို့ထက် february (၁)ရက်နေ့ကနေပျောက် ဆုံး သွားတဲ့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ကိုပြန်ရဖို့သာအရေးအကြီးဆုံးပါ ။ ကျွန်တော့် page ကိုဖျက်ဆီးဖြစ်လိုက်ကြလို့ရပေမယ့် ကျွန်တော့်ရင်ထဲကဆန္ဒတွေကိုတော့ ဘယ်လိုနည်း ပညာမျိုးနဲ့မှ ဖျက်ဆီးပြစ်လို့မရနိုင်ပါဘူး။



အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်မှ အချိန်တိုင်း တွေ့မနေရဘူးဆိုရင်တောင် ရောက်ရာအ ရပ်ကနေပြည်သူတွေနဲ့တူတူပြည်သူတွေရဲ့အနာဂ တ်ကို ပြန်ရဖို့ကြိုးစားနေဦးမှာပါ။ ပြည်သူများ အားလုံးအန္တရာယ်ကင်းကြပါစေ နေတိုး” ဆို ပြီး Naytoe 2021Officially ပေ့ချ်ကနေ ပြော လာပါတယ်။



နေတိုးကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ခဲ့တဲ့ Blue Mark ရထားတဲ့ Page ကို ဖျက်ဆီး လိုက် လို့ရပေမယ့် ရင်ထဲက ဆန္ဒတွေကိုတော့ ဘယ်လိုမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူးဆိုပြီး ပြတ် ပြတ်သားသား ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ် ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလို က္ပါတယ်နော်။


Source: Naytoe 2021Officially’s fb

Bilie – Cele Connections