ပရိသတ်ကြီးရေ မြန်မာ့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတွေထဲမှာ သရုပ်ဆောင် မယ်လိုဒီ ကလည်း တစ်ယောက်အပါအဝင်ပါ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အနုပ ညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ မယ်လိုဒီက ဗီဒီယို ဇာတ်ကား ရုပ်ရှင်ဇာတ်ကားပေါင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ တိကျပီပြင်တဲ့ သူမရဲ့ သရုပ်ဆောင် အ ရည်အချင်းတွေကြောင့် အောင်မြင်မှုတွေလည်း များစွာရရှိနေတာပါ။
ဒါ့အပြင် မယ်လိုဒီက ဖြူဖွေးနေတဲ့ အသားအရည်နဲ့ လှပတဲ့ မျက်နှာလေးကြောင့် ပုရိသပရိသတ် တွေရဲ့ ဝန်းရံမှုကို ရရှိထားတာဖြစ်ပါတယ်။ သားငယ်လေး တစ်ယောက်ကို မွေးဖွားထားပေမယ့် လည်း အပျိုလေးတစ်ယောက်လို အလှတွေပိုနေတဲ့ မယ်လိုဒီက မိန်းကလေးပရိသတ်တွေရဲ့
အ ချစ် တော် မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ မယ်လိုဒီကလည်း သူမရဲ့ လူမှုကွန်ယက် ဖေ့ ဘွတ် အ ကောင့်မှာ သားသားလေးနဲ့ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့ မှာလ ည်း ပိုစ့် တစ်ခုတင်ပေးလာခဲ့ပါတယ်။
ဒါကတော့ ” ငါတို့ ကလေးတွေကိုသေနတ်နဲ့မပစ်ပါနဲ့ အစွပ်စွပ်ထားတဲ့သံတုပ်နဲ့မရိုက်ပါနဲ့ လက် ထိပ်မခပ်ပါနဲ့ မိခင်တယောက်အနေနဲ့လုံးဝ လုံးဝရှုံ့ချပါတယ် ကလေးတစ်ယောက်ကိုဘယ်လိုပျိုး ထောင် ခဲ့ရလည်း ငါတို့မိခင်တွေသာအသိဆုံးပါ နင်တို့အမေတွေလဲ အဲ့လိုပျိုးထောင်ခဲ့ရမှာပါ
ကိုယ်ချင်းစာပါ ” ဆိုတဲ့ စာသားလေးနဲ့အတူ သားအမိနှစ်ယောက်အတူ ပုံလေးကို တင်ပေးလာ တာ ပါ။ မယ်လိုဒီက ကလေးတစ်ယောက်အပေါ် သွန်သင်ဆုံးမမှု မမှားယွင်းရအောင် မိခင်တွေ အား လုံးကို တိုက်တွန်းလိုက်တာဖြစ်လို့ ပရိသတ်တွေကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက် ပေး လိုက်ပါတယ်။
သတင်းအရင်းမြစ်: Source – Melody Myo’s FB account