လမ်းပေါ် မထွက်နိုင် ပေမယ့် သူမရဲ့ လက်ရှိ အခြေအနေ ကြောင့် တတ်နိုင်တဲ့ ဘက်ကနေ သူရဲကောင်းတွေ အတွက်လှူဒါန်းမှု တွေပြုလုပ်နေတဲ့ ထက်ထက်မိုးဦး….


လမ်းပေါ် မထွက်နိုင် ပေမယ့် သူမရဲ့ လက်ရှိ အခြေအနေ ကြောင့် တတ်နိုင်တဲ့ ဘက်ကနေ သူရဲကောင်းတွေ အတွက်လှူဒါန်းမှု တွေပြုလုပ်နေတဲ့ ထက်ထက်မိုးဦး….

ချစ် ပရိသတ်ကြီးရေ.. မထက်လို့ ဆိုလိုက် တာနဲ့ အနုပညာလောက မှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေ ရရှိထားပြီး ထိပ်တန်းသရုပ်ဆောင်အဖြစ်အကယ်ဒမီ ဆုတွေလည်း ရရှိထားတဲ့ ကြော်ငြာ မင်းသမီးကို ပရိသတ်တွေ မြင်ယောင်မိ ကြမှာပါနော်.။


မထက်က တော့ လက်ရှိမှာ မတည်ငြိမ် သေးတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့ အတူ တစ်သားတည်း


ရပ်တည်နေတဲ့ အကြောင်းလေးတွေ ကိုလည်း သူမရဲ့ဖေ့စ် ဘွတ်စာမျက်နှာ တွေမှာ အသိပေးရေးသား ထားတာ တွေ့ရ ပါတယ်နော်..။


မထက်ဟာ သူမရဲ့လက်ရှိ အခြေအနေတွေကြောင့် လမ်းပေါ်မ ထွက်နိုင်ပေမယ့်လည်း လူထု လှုပ်ရှားမှုတွေ ပြုလုပ် နေတဲ့သူရဲကောင်းတွေအတွက် တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းမှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်..။


သူမရဲ့ နှလုံးရောဂါ ကြောင့် ကိုယ်တိုင်လမ်းပေါ် မထွက်နိုင်ပေမယ့် ရုပ်ရှင် အစည်းအရုံးကို အလှူငွေတွေ လှူဒါန်းခဲ့တဲ့ အပြင် လူထုလှုပ်ရှားမှုတွေပြုလုပ် နေတဲ့


မန္တလေးက ပြည်သူတွေ အမော ပြေသောက် သုံးဖို့အတွက် အအေးဗူးနဲ့ ရေသန့်တွေ ဝေငှလှူဒါန်းခဲ့တာဖြစ် ပါတယ်နော်..။


“ဒီနေ့ ထက်က ရုပ်ရှင် အစည်းအရုံးမှာလည်း သိန်း ၂၀ လှူပေးခဲ့သလို ရွှေမန်းမြေ မှာလည်း ချစ်ရသူတွေ အားလုံး အတွက် အအေးဗူး ၁၀၀၀ နဲ့ ရေဘူး ၁၅၀၀ ဝေပေးနေပါတယ်။


နှလုံးရောဂါနဲ့မို့ လမ်းပေါ် အတူတူ ရှိမပေးနိုင် ပေမယ့် လိုအပ်တာ အကုန်ကူဖို့ အမြဲရှိ နေပါတယ်။..”


ဆိုပြီး မထက်က ရေးသားပြောပြထားတာပါ..။ ပရိသတ်တွေနဲ့အတူရှိတဲ့ အကြောင်းလေးနဲ့ အလှူလေး ကို ဝေမျှထားတဲ့ အဲ့ဒီ့ပို့ရဲ့အောက်မှာတော့


ပရိသတ်တွေ ကလည်း တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ မထက်ရဲ့အလှူလေးကို သာဒုခေါ်ဆု တောင်းစကားလေးတွေလည်း ပြောထားကြတာ လည်း တွေ့ရပါတယ်နော်..။


Photo Credit – Htet Htet Moe Oo’s Fb Acc