မီးပြင်သမားကြီး အလုပ်သွားခါနီးတိုင်း အချိန်မှန်လာပြီး ကူညီပေးတဲ့ မိတ်ဆွေများ


မီးပြင်သမားကြီး အလုပ်သွားခါနီးတိုင်း အချိန်မှန်လာပြီး ကူညီပေးတဲ့ မိတ်ဆွေများ

မီးပြင်သမားကြီး အလုပ်သွားခါနီးတိုင်း အချိန်မှန်လာပြီး ကူညီပေးတဲ့ မိတ်ဆွေများ


မီးယားကတ်ကောင်လေးတွေဟာ သဘာဝတောရိုင်းတိရစ္ဆာန်လေးတွေဖြစ်ပြီး များသောအားဖြင့် သဲကန္တာရတွေနဲ့ အာဖရိကနိုင်ငံတွေမှာသာ တွေ့ရလေ့ရှိတတ်ပါတယ်။ မီးယားကတ်ကောင်လေးတွေကို အပြင်မှာ မမြင်ဖူးရင်တောင်မှ Lion King, Life of Pi အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ တွေ့ဖူးကြမှာပါ။ လည်ပင်းရှည်ရှည်၊ ခေါင်းလေးက အမြဲတထောင်ထောင်နဲ့ တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်လေးတွေဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ မီးယားကတ်လေးတွေကတော့ မီးပြင်သမားကြီးတစ်ယောက် အလုပ်မသွားခင် လာလာကူညီပေးပြီး ဆိုရှယ်မီဒီယာမှာ တော်တော်လေး လူချစ်လူခင်ပေါများနေတဲ့ မီးယားကတ်လေးတွေဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။




အပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံကို Twitter ပေါ်တင်ခဲ့တဲ့ လူကတော့ Lucy လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Lucy ရဲ့ ဖခင်ဖြစ်သူ Colin ဟာ တိရစ္ဆာန်ရုံက မီးပြင်သမားကြီးတစ်ယောက်ဖြစ်ပြီး တိရစ္ဆာန်ရုံထဲမှာပဲနေတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ မနက်တိုင်း Colin တစ်ယောက် အလုပ်သွားဖို့ သူ့ရဲ့ ဂိုဒေါင်ထဲက ပစ္စည်းကိရိယာတွေ သွားယူတဲ့ အချိန်ဆိုရင် တိရစ္ဆာန်ရုံထဲမှာရှိတဲ့ မီးယားကတ်ကောင်လေးတွေဟာ ရောက်ရောက်လာတတ်ပါတယ်။




ပုံထဲမှာတွေ့ရတဲ့အတိုင်း မီးယားကတ်ကောင်လေးတွေဟာ Colin ရဲ့ ဂိုထောင်ထဲမှာရှိတဲ့ ပစ္စည်းပစ္စယတွေကို ကိုယ်တိုင်ယူလာပေးပြီး Colin ရဲ့ လက်ထဲကို ထည့်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချိုး မီးယားကတ်ကောင်လေးတွေကတော့ Colin နဲ့ အတူတူ လိုက်ချင်တဲ့ ပုံစံကို ပြသတဲ့ အနေနဲ့ Colin ရဲ့ ပစ္စည်းထည့်တဲ့ လက်ဆွဲအိတ်ထဲကို အတင်းဝင်ကြပြန်ပါတယ်။ Colin က သူတို့လေးတွေကို လက်ဆွဲအိတ်ထဲကနေ အပြင်ပြန်ထုတ်ပြန်ရင်လည်း မျက်နှာလေးတွေက သနားစရာပုံစံလေးတွေနဲ့ ငေးကြည့်နေတတ်ပါတယ်။




ဒီအဖြစ်အပျက်လေးကို Colin ရဲ့ သမီးဖြစ်သူ Lucy က ဓာတ်ပုံရိုက်ပြီး သူမရဲ့ Twitter ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ လူတော်တောများများကလည်း မီးယားကတ်လေးတွေရဲ့ ပုံကို သဘောကျ ကြိုက်နှစ်သက်ခဲ့သလို Lucy ရဲ့ ပို့စ်ကို react ပေးသူ 164k အထိတောင် ရှိခဲ့ပါတယ်။




credit – shwemom