တစ်ကမ္ဘာလုံး က INTERNET SERVICE ဈေးကွက်တွေ အကြီးအကျယ် လှုပ်ခတ်သွားမယ် STARLINK


တစ်ကမ္ဘာလုံး က INTERNET SERVICE ဈေးကွက်တွေ အကြီးအကျယ် လှုပ်ခတ်သွားမယ် STARLINK

မြန်မာတွေ နဲ့ မစိမ်းတဲ့ ElonMusk ကြီးရဲ့ Space X program တွေထဲက အခွဲတစ်ခုဖြစ်တဲ့ Starlink Global Internet ကတော့ U.S. နဲ့ Canada မှာ ဒီရက်ပိုင်း စပေးနေပါပြီ …။


Starlink Satellites တွေက မြန်မာပြည်ပေါ်က ဖြတ်ပျံနေပြီဖြစ်ပေမယ့် ကိုယ်တွေ Register လုပ်ထားတာ ခုထိ အကြောင်းမပြန်သေးတော့ မြန်မာပြည်ဘက်ကိုတော့ မလာနိုင်သေးဘူး ထင်ပါတယ် …။


Satellite Internet ဆိုပေမယ့် ဟိုအရင်တုန်းက ipStar တွေလိုမျိုး တပ်ဆင်ရတာ စလောင်းဗန်း အကြီးကြီးကို ဟိုချိန်ဒီချိန်နဲ့ ခက်ခက်ခဲခဲ ရှုပ်ရှုပ်ထွေးထွေးတွေ မဟုတ်ပါဘူး …။


ပစ္စည်းရောက် လာရင် ဘူးထဲက ဖောက် … ကောင်းကင်ကို ရှင်းရှင်း မြင်ရတဲ့နေရာမှာ (၁) ပေခွဲလောက်ပဲရှိတဲ့ Outdoor Unit (Satellite Dish) လေး ထားလိုက် … ကြိုးနဲ့ Indoor Unit ကို Connect လုပ် … ပြီးရင် Power Plug ထိုး … ၁၀ မိနစ်ကနေ ၁၅ မိနစ် စောင့်ပြီးတာနဲ့ Internet တန်းသုံးလို့ရပြီ … Outdoor Unit ဂြိုလ်တုစလောင်းလေးက သူချိတ်ချင်တဲ့ Satellite ကို သူ့ဟာသူ auto tracking လုပ်ပြီး ချိတ်သွားမှာပါ … ဂြိုလ်တုစလောင်းဆိုပေမယ့် Reflector တွေ Feed unit တွေနဲ့လည်း မဟုတ်ပါဘူး … Patch Antenna မို့လို ဘာမှကို အရှုပ်အထွေးမရှိ ရှင်းလင်းနေပါတယ် …။


ကလေး တစ်ယောက်ကို ခေါ်ပြီး တပ်ခိုင်းလိုက်ရင်တောင် ရပါတယ် … အဲဒီလောက်ကို လွယ်တာပါ … Plug and Play လို့ ပြောလို့ရတဲ့ အဆင့်ပါ …။ Internet speed ကလည်း upto 150mbps နဲ့ latency က 10-20ms ဆိုတော့ ရှယ်ပါ …။


Coverage က တောင်/မြောက် လတ္တီကျူ (၈၀) ဒီဂရီအတွင်းဆိုတော့ တောင်/မြောက် ဝန်ရိုးစွန်းဒေသတွေက လွဲလို့ တစ်ကမ္ဘာလုံး အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ် …။ Register လုပ်ထားတာ အကြောင်းပြန်ပြီဆိုရင်တော့ ကနဦး US$499 နဲ့ လစဉ်ကြေး US$99 ကျသင့်မှာဖြစ်ပါတယ် … ပြီးရင်တော့ သူတို့ ပစ္စည်း ပို့လိုက်မှာပါ …။


Credit;