ပိုင်ရှင်မဲ့လမ်းဘေးခွေးတွေအတွက် အစာတွေတတ်နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု


ပိုင်ရှင်မဲ့လမ်းဘေးခွေးတွေအတွက် အစာတွေတတ်နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

ပိုင်ရှင်မဲ့လမ်းဘေးခွေးတွေအတွက် အစာတွေတတ်နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု


ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အကယ်ဒမီခိုင်သင်းကြည်ကတော့ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို နာလည်မှုအပြည့်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာအလှူအတန်းလုပ်တဲ့နေရာမှာလည်း လက်မနှေးသလိုယခုလိုကိုဗစ်ကာ လမှာလည်း တစ်ထောင့်တစ်နေရာကနေထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။



ဒီနေ့မှာလည်းခိုင်သင်းကြည်တို့မိသားစုက ပိုင်ရှင်မဲ့လမ်းဘေးခွေးလေးတွေအတွက် အစာတွေကို ဇာတ်ပို့ဇာတ်ရံမျိုးမျိုးခိုင်မှတစ်ဆင့် တတ်နိုင်သလောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ မျိုး မျိုးခိုင်ကတော့ တိရစ္ဆာန်လေးတွေရဲ့အစာအတွက် အမြဲလိုလိုအလှူအတန်းတွေပြုလုပ်နေတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာလည်းခိုင်းသင်းကြည်ရဲ့အလှူမှာမျိုးမျိုးခိုင်က ကိုယ်တိုင်ချက်ပြုတ် ပြီးလှူဒါန်းခဲ့တာဖြစ်ပါတယ်။



ခိုင်သင်းကြည်ကတော့သူမရဲ့အလှူနဲ့ပတ်သက်ပြီး “ဒီနေ့အလှူလေးပါရှင် ဝယ်ချက်ပြီးလိုက် ကျွေး ပေးပါသော မမျိုးမျိုးခိုင်ကျေးဇူးပါ”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူဖော် ပြပေးထားခဲ့တာဖြစ်ပါတယ်။


Source:KHINE THIN KYI