လိုအပ်နေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော် ရဲ့ Video


လိုအပ်နေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော် ရဲ့ Video

ဒါကတော့ လိုအပ်တဲ့ နေရာတွေကိုကိုယ်တိုင်သွားရောက်ကာလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့သင်ဇာဝင့်ကျော်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သင်ဇာဟာ ဆန်၊ဆီ၊ဆားနဲ့ အခြားစားသောက်ကုန်ပစ္စည်းတွေကို ချစ်ရတဲ့ပရိသတ်တွေဆီ ကိုယ်တိုင်သွားလှူဒါန်းတာကို ကြည့်ပြီး ပရိ သတ်တွေကလည်း ချီးကျုးနေကြတာပါ။ အားလုံးလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။သရုပ်ဆောင် လောကမှာ ဆယ်စုနှစ် ကျော်တိုင် ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ 


သူမဟာ အနုပညာအလုပ်တွေကို ဝါသနာအရင်းခံကာ ကြိုးစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို တစ်နေ့ထက် တစ်နေ့ ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။သင်ဇာဟာ ဘာသာရေးလည်း အလွန် ကိုင်းရှိုင်းသူ တစ်ယောက် ဖြစ်ပြီး မကြာခဏဆိုသလိုလည်း အလှူအတန်းတွေကို တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ မရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း သင်ဇာရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ Live Video လေး တစ်ခု တင်ထားတာလည်း ဖြစ်ပါတယ်။



Source and Photo Crd- Thinzar Wint Kyaw’s and Mung Htoi Aung’s Facebook Account