Rocker အဆိုတော် ကိုလေးဖြူနဲ့တွေဆုံချိန်မှာ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း ပရိတ်သတ်တစ်ယောက်ပြန်ဖြစ်သွားတဲ့ နိုင်းနိုင်း


Rocker အဆိုတော် ကိုလေးဖြူနဲ့တွေဆုံချိန်မှာ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း ပရိတ်သတ်တစ်ယောက်ပြန်ဖြစ်သွားတဲ့ နိုင်းနိုင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းကတော့ ရုပ်ရည်၊ အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားအပြင် သရုပ်ဆောင်စွမ်းရည်ကလည်း ပြောစရာမလိုအောင် ပြီးပြည့်စုံသူမို့ ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို နှစ်ပေါင်းများစွာ ရရှိထားသူပါ။ အနုပညာသက်တမ်း နှစ် (၂၀) ပတ်ဝန်းကျင်မှာ အကယ်ဒမီ ဆုတွေနဲ့ အကြိမ်ကြိမ်လွဲချော်နေတဲ့ နိုင်းနိုင်းက သူ့ရဲ့အောင်မြင်မှုကိုတော့ ယိမ်းယိုင်သွားခြင်းမရှိအောင် ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း သူချစ်တဲ့ မိသားစုတွေနဲ့ တစ်နိုင်ငံစီခွဲနေတဲ့အထိအောင် အနုပညာအလုပ်တွေကို စွဲစွဲလန်း လန်းလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။




နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုတွေ တဖွဲဖွဲရရှိပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက သူလေးစားအားကျရတဲ့ အနုပညာရှင်တွေနဲ့ဆိုရင်တော့ ပရိသတ်တစ်ယောက်လို ပြန်ဖြစ်သွားတတ်တာ ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက်မှာလည်း နိုင်းနိုင်းက သူ့ရဲ့ ငယ်စဉ်လူငယ်ဘဝကတည်းက စွဲစွဲလန်းလန်း ကြိုက်နှစ်သက်ခဲ့ရတဲ့ Rock အဆိုတော် လေးဖြူနဲ့ ဆုံတွေ့ခဲ့ပြီး ပရိသတ်တစ်ယောက်လို ဓာတ်ပုံတွဲရိုက်ကာ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေပေးလာတာကို တွေ့ရပါတယ်။




နိုင်းနိုင်းကတော့ နိုင်ငံကျော်မင်းသားတစ်ယောက်ဆိုပေမယ့် Rocker ကြီးလေးဖြူနဲ့ ဆုံတွေ့ချိန်မှာတော့ ပရိသတ်တစ်ယောက်ပြန်ဖြစ်သွားခဲ့တာ တကယ့်ကို ချစ်စရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း အနုပညာနယ်ပယ်အသီးသီးက နာမည်ကြီးနှစ်ယောက်ကို တစ်နေရာတည်းမှာ အတူတကွတွေ့မြင်ရလို့ သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်…။




Source: Actor 99’s fb

Credit – Cele Connections