မြင်သူတိုင်းအံ့ဩမှင်သက်သွားရလောက်တဲ့ရိုမန့်တစ်အဆန်ဆုံး နဲ့ ရိုပြလိုက်ပြန်တဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်


မြင်သူတိုင်းအံ့ဩမှင်သက်သွားရလောက်တဲ့ရိုမန့်တစ်အဆန်ဆုံး နဲ့ ရိုပြလိုက်ပြန်တဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသားချောလေး တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကိုပရိသတ်ကြီးသိပြီးသားဖြစ်မှာပါနော်။ သရုပ်ဆောင်လောကထဲကိုမဝင်ရောက်ခင်ကတည်းက အောင်မြင်တဲ့အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် ပရိသတ်တွေ နဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။


ဒါ့အပြင် ဖြူဖြူဟာဆိုရင်လည်း လူကြီး၊လူငယ်မရွေး အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်နော်။အသံပါဝါလည်း အရမ်းကောင်းပြီး သီချင်းတစ်ပုဒ်ထဲမှာတင် အသံအမျိုးမျိုးနဲ့သီဆိုနိုင်တဲ့ ပါရမီရှင်တစ်ယောက်ပါ။ဖြူဖြူကျော်သိန်းက ယနေ့ထိတိုင် အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ဝါရင့်အနုပညာ ရှင်ကြီးတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်နော်။


သူတို့နှစ်ယောက်ကတော့ လတ်တလောမှာ ရိုမန့်တစ်ဆန်ဆန်ပုံလေးတွေကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ကို သို့လောသို့လောထင်နေကြတာဖြစ်ပြီး ပရိသတ်တွေအထူး စိတ်ဝင်စားခြင်းခံနေရသူတွေဆိုလည်း မမှားပါဘူး။ အခုလည်း တစ်ယောက်ကိုတစ်ယောက်ခါးလေးကိုဖက်ရင်း မြင်သူတိုင်းအံ့ဩမှင်သက်သွားရလောက်တဲ့ရိုမန့်တစ်အဆန်ဆုံး ပုံလေးတွေကိုဖော်ပြထားပြန်ပါတယ်။ ပုံတိုင်းက နှစ်ယောက်လုံး လိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက် ပါတယ်။




Credit– Cele Zone

Photo – Kyaw Htet Aung