ချစ်သူဘဝဖြင့် ၈နှစ်ကြာ အတူနေထိုင်ခဲ့ကြသော်လည်း ကလေးရသည်အထိ လက်ထပ်ခွင့်မတောင်းခဲ့သည်အတွက် စိတ်ဆိုးကာ တရားစွဲဆိုခဲ့သည့် အမျိုးသမီး


ချစ်သူဘဝဖြင့် ၈နှစ်ကြာ အတူနေထိုင်ခဲ့ကြသော်လည်း ကလေးရသည်အထိ လက်ထပ်ခွင့်မတောင်းခဲ့သည်အတွက် စိတ်ဆိုးကာ တရားစွဲဆိုခဲ့သည့် အမျိုးသမီး

ချစ်သူစုံတွဲများသည် ကိုယ်အမှန်တကယ် ချစ်မြတ်နိုးသူနှင့် လက်ထပ်ပေါင်းသင်းကာ ဘဝတစ်ခုကို တည်ထောင်ဖန်တီးလိုကြသည်။အချစ်တစ်ခုကို တည်ဆောက်ချိန်မှစ၍ အိမ်မက်တစ်ခုကို အတူလျှောက်လှမ်းရန် ဆန္ဒရှိကြသည်သာ ဖြစ်ပေသည်။


ယခုတွင်လည်း Ngomaဆိုသည့် ကောင်မလေးတစ်ဦးသည် ချစ်သူဖြစ်သည့် herbertဆိုသည့်ကောင်လေးနှင့်အတူ ရှစ်နှစ်ကြာ တွဲလာခဲ့ကြသည်။ကောင်မလေးသည် ကောင်လေးဖြစ်သူကို ယုံကြည်ကာ တစ်နေ့တွင် လက်ထပ်ခွင့်တောင်းလာလိမ့်မည်ဟု မျှော်လင့်ပြီး အရာရာပေးဆပ်ကာ ချစ်ခဲ့ပါသည်။


သူမတို့နှစ်ဦးသည်ရှစ်နှစ်ကြာ တွဲလာခဲ့ကြပြီး ကောင်မလေးတွင် ကိုယ်ဝန်ရရှိလာခဲ့လေသည်။ထို့အချိန်တွင် ကောင်မလေးက ကောင်းလေးဖြစ်သူသည် သူမကို လက်ထပ်ခွင့်တောင်းလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်ထပ်ခွင့်တောင်းခံခြင်း မရှိသည့်အတွက် သူသည် အလွန်စိတ်ဆိုးခဲ့ရသည်။


ထို့ကြောင့် ကောင်မလေးဖြစ်သူသည် ကိုယ်ဝန်ရှိနေပြီဖြစ်သော်လည်း တာဝန်ယူကာ လက်ထပ်ခဲ့ခြင်းမရှိသည့်အတွက် တရားစွဲဆိုခဲ့ပေသည်။


Shoon (Cele Daily)