အုပ်စုဖွဲ့ပြီး လုပ်နေကြတာပါ၊ YBS (၆၀) ပေါ်မှာ ကိုယ်တွေ့ပါ၊ ဘာသံမှ ထွက်လို့မရဘူး


အုပ်စုဖွဲ့ပြီး လုပ်နေကြတာပါ၊ YBS (၆၀) ပေါ်မှာ ကိုယ်တွေ့ပါ၊ ဘာသံမှ ထွက်လို့မရဘူး

မနက်က YBS (၆၀) စီးတာ ကျွန်တော့်အိတ် အခွဲခံရပါတယ်..


တော်တော်ဆိုးတယ်.. ကို့အဖေအရွယ်တွေ ခြောက်ယောက်လောက် ကို့ကို၀ိုင်းပြီး ဘယ်ဘက်ကတစ်ယောက်က ဓားတိုနဲ့ထောက်ထားတယ်.. ညာဘက်ကနှစ်ယောက်က တစ်ယောက်က သူ့လွယ်အိတ်နဲ့ကျွန်တော့်အိတ်ကို ဖုန်းထားတယ် နောက်တစ်ယောက်က အဲ့ကြားထဲကနေ လက်နဲ့ခွဲတာပါ..


ဒီကောင်တွေကိုင်တဲ့ ဓားတိုကတော့ ထက်လား မထက်လား ကျွန်တော့်လွယ်အိတ်ကိုကြည့်ပါ.. ဓားနဲ့ထောက်တာသိရတော့ လက်က ဖုန်းနဲ့ ပိုက်ဆံအိတ်ကို စုပ်ထားလိုက်တယ်.. အရေးကြီးတယ်လေ.. ပိုက်ဆံအိတ်ထဲမှာက ဘဏ်ကဒ်၊ မှတ်ပုံတင် အရေးကြီးတာအကုန်ပါတယ်.. ဖုန်းကလည်း ကိုက မနည်းစုထားပီး၀ယ်ထားတာ ပါသွားရင် ဒစ်လည်မှာလေ.. အဲ့တော့ လက်ကို ထိရင်ထိပါစေဆိုပီး လှည့်ထွက်တာ သုံးခါလောက်.. တစ်ခါလှည့်ထွက်တယ် သူတို့ကထက်ကပ်တယ်.. အနောက်ဆုတ်လို့လည်းမရဘူး.. အနောက်မှာက သုံးယောက် တည့်မေးပီးဓားနဲ့ခွဲနေတဲ့ဘဲကို ထမင်းချိုင့်နဲ့ရိုက်ရင်လည်း ကို့နံကြားထဲ ဓားက၀င်နိုင်ခြေရှိတယ်.. 


အဲ့တော့အနောက်ပေါက်တံခါးနားက အောက်မှာ ဆင်းနေပီးရပ်နေလိုက်တယ်.. သူတို့လည်း ဆက်လုပ်လို့မရတော့ဘူး အားလုံးလည်းမြင်တဲ့နေရာဆိုတော့ ကျွန်တော်က ယောကျာ်းလေးမို့လို့ ကျွန်တော့်နေရာမှာသာ ကျွန်တော့်ညီမ အမ အဒေါ် အမေ ဆိုရင် ဒါကသေချာတယ်ပါမှာပဲ.. မိုးကောင်းမှတ်တိုင်မှာ ဆင်းတော့လိုက်မဆင်းလာကြဘူး.. ကိုက ရဲစခန်းပြေးမှရတော့မှာ သူတို့လိုက်ဆင်းလာရင် ပြန်ချရအောင် မြန်မာကားရိုက်နေတာလည်း မဟုတ်ဘူး.. နံကြားထဲဓား၀င်ရင် ကိုကဆေးရုံရောက်ဦးမယ်.. superman လည်းမဟုတ်ဘူး ခြောက်ယောက်တစ်ယောက်ကို ယှဥ်ချရအောင်.. အနည်းဆုံးကို့လက်ထဲမှာ ထမင်းချိုင့်ပဲရှိတယ်.. ဟိုဘဲတွေ ကိုင်ထားတာက ရှောတွေ အနေအထားက ဗိုက်ပွင့်မယ့်အနေအထားကြီး..


သင်ခန်းစာယူကြဗျာ.. ကျွန်တော်ကတော့ သတိအမြဲတမ်းရှိလို့ ဘာ့မှမပါသွားဘူး.. ကိုလည်းမကြောက်ဘူးဆိုပေမယ့် အသက်ကလည်းကို့မှာတစ်သက်ပဲပါတာ.. သူသေကိုသေလည်းချရဲတာပဲလေ.. ဒါပေမယ့် ဦးနှောက်လေးသုံးရတာပေါ့.. ပါသွားလို့ အဆင်မပြေဘူးလေ.. ကိုကချမ်းသာတဲ့သူပြည့်စုံတဲ့သူမှ မဟုတ်တာ..