နုနုနယ်နယ်လေးလို့ ထင်ရပေမယ့် ယောကျာ်းလေးတစ်ယောက်တောင် လိုက်မမှီနိုင်တဲ့ Rap Skill ကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်ရဲ့ ဗီဒီယို


နုနုနယ်နယ်လေးလို့ ထင်ရပေမယ့် ယောကျာ်းလေးတစ်ယောက်တောင် လိုက်မမှီနိုင်တဲ့ Rap Skill ကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်ရဲ့ ဗီဒီယို

အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ သာယာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင်ထားရုံသာမက မြင်သူတိုင်း ချစ်ခင်ရတဲ့ မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။


ပန်းရောင်ခြယ်က သူမဖခင်ရဲ့ ခြေရာကိုနင်းပြီး အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီး “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။


ပန်းရောင်ခြယ်ကတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အမျိုးမျိုးသော အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။မနေ့က ဇန်နဝါရီလ (၂၉) ရက်နေ့မှာတော့ ပန်းရောင်ခြယ်က သူမ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်ထားတဲ့ ဖုန်းအမျိုးအစားအသစ် မိတ်ဆက်ပွဲကို တက်ရောက်ပေးခဲ့ပါတယ်။


ပန်းရောင်ခြယ်က ထိုပွဲလေးမှာ ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ Talent တစ်ခုကို ထုတ်ပြခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒါကတော့ ပန်းရောင်ခြယ်က ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Problem သီချင်းထဲက Iggy Azalea ရဲ့ Rap အပိုဒ်ကို သီဆိုပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။


ပန်းရောင်ခြယ်ကတော့ “အစက ဘာလုပ်ပြရမှန်းမသိ hidden talent ကို၊ ပန်းရောင် တတ်လို့လုံးဝမဟုတ်ပါဘူး  အမှတ်တရပါ ” ဆိုပြီး သူမတတ်လို့ ဆိုပြတာမဟုတ်ဘူးလို့ ပြောထားပေမယ့် ပရိသတ်တွေကတော့ သဘောအကျကြီးကျနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။




crd – Cele Connections