လေးစားကြည်ညို ရတဲ့ ဆရာတော် အရှင်ဆန္ဒာဓိကကို သိလိုတာတွေ မေးလျှောက်နေတဲ့ ဇော်ပိုင်ရဲ့ သားလေး


လေးစားကြည်ညို ရတဲ့ ဆရာတော် အရှင်ဆန္ဒာဓိကကို သိလိုတာတွေ မေးလျှောက်နေတဲ့ ဇော်ပိုင်ရဲ့ သားလေး

ပရိသတ်ကြီးရေ .. ရွှေပိုင်လေး ကတော့ အရမ်းကိုလိမ္မာယဉ်ကျေးတဲ့ ကလေးလေးအဖြစ် ပရိသတ်တွေ သိထားကြပြီး အားလုံးက ဝိုင်းချစ်နေရတဲ့ အဆိုတော် ဇော်ပိုင်ရဲ့ တစ်ဦးတည်းသော သားလေးပဲဖြစ်ပါတယ် ။ ဒီနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ သားလေး ရွှေပိုင်ရဲ့ အသက် (၉) နှစ်ပြည့် မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ် ။




ရွှေပိုင်လေးက မွေးနေ့မှာ တစ်နိုင်ငံလုံးက လေးစားကြည်ညို ရတဲ့ ဆရာတော် ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ကိုသားသား သိလိုတာတွေ မေးလျှောက်ခဲ့ပါတယ် ။ အသက် (၉) နှစ်ပဲ ရှိသေးတဲ့ သားသားလေးရဲ့ သိလိုတဲ့ မေးခွန်းလေးတွေကို ရိုးသားစွာ မေးမြန်းခဲ့ပြီး ဆရာတော်ကြီးကလည်း သားသားနားလည်လောက်မယ့် စကားလုံးလေးတွေ ရွေးချယ်ပြီး ဖြေဆိုပေးခဲ့တဲ့ ဗီဒီယိုလေးကို ရွှေပိုင်လေးရဲ့ သူ့ရဲ့ Page ကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့ တာဖြစ်ပါတယ် ။





သားသား မွေးနေ့အမှတ်တရ ဟောကြားပေးသော တရားတော်ကို နက်ဖန် မနက်ရနာရီမှာ ပြန်လည်မျှဝေ တရားအလှူ ပြုဦးမှာဖြစ်တယ်လို့သိရပါတယ် ။ လူကြီးတွေတောင် တွေးတောဖို့ ခက်ခဲလွန်းတဲ့ နိဗ္ဗာန်နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေကို မေးမြန်းခဲ့တဲ့ ဗီဒီယိုလေးကို ရွှေပိုင်လေးရဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။