ပရိတ်သတ်တွေအတွက် သတင်းကောင်းပါလာတဲ့ ပြည်သူ့အချစ်တော် မင်းသမီးကြီး


ပရိတ်သတ်တွေအတွက် သတင်းကောင်းပါလာတဲ့ ပြည်သူ့အချစ်တော် မင်းသမီးကြီး

ပြည်သူချစ်ဝါရင့် အနုပညာရှင်တစ်ဦး ဖြစ်တဲ့ သက်မွန်မြင့် ကတော့


လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး


အနုပညာလမ်းကို ဆက်လက် လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။


သက်မွန်ဟာ ကြင်နာယုယ တဲ့ ခင်ပွန်းသယ်နဲ့ အတူ သားသမီးတွေကို


မွေးဖွားထားသော်လည်း အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေတာ ကြောင့်


ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိထားသူလေးတစ်ဦး ပဲဖြစ်ပါတယ်။


ခန္ဓာကိုယ်ကလည်း အချိုးစား ညီမျှနေပြီး အရပ်အမောင်းကလည်း


ယောက်ျားလေးတွေကပါ အားကျရလောက်အောင် နိုင်ငံခြားသူလေးတစ်ယောက်လို


ဖြစ်နေတာ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိထားတာ ဆိုရင်လည်းမမှားပါဘူး။


ဆယ်စုနှစ်တစ်စု အောင်မြင်ခဲ့တဲ့ သက်မွန်ဟာ လက်ရှိ အချိန်မှာလည်း


ရုပ်ရှင်ဇာတ်ကားကြီး တွေကို လက်ခံရိုက်ကူးနေပြီး အနုပညာအလုပ်တွေနဲ့


အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။


ဗီဒီယို ခေတ်ကတည်း က ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်


သရုပ်ဆောင်နိုင်ခဲ့ပြီး အကယ်ဒမီ ဆုတွေကို လည်း ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ပဲဖြစ်ပါတယ်။


လတ်တလောမှာလည်း အလုပ်တွေ များနေပင်မယ့်လည်း ဘုရား တရားကို


မမေ့မလျော့ပဲ အိမ်မှာနေရင်း သားသမီးတွေ နဲ့ အတူ တရားစခန်းဝင်နေတာပဲဖြစ်ပါတယ်။


ယခုအခါမှာတော့ ဇာတ်လမ်းတွဲ တစ်ခုရိုက်တုန်းက ဗီဒီယိုလေး တစ်ပုဒ်ကို ချပြလာတာ ပဲဖြစ်ပါတယ်။


ဒီတစ်ခါမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တွေကို ရိုက်ကူးနေရာကနေ ပထမဆုံးအနေနဲ့


ဇာတ်လမ်းတွဲ ကို ရိုက်ကူးတော့မည်ဖြစ်တာကို ပြောပြလာတာ ပဲဖြစ်ပါတယ်။


ဇာတ်လမ်းတွဲ ရိုက်တုန်းကလည်း ရိုက်ကွင်းမှာ ရှိခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးနဲ့ အတူ “ကိုယ့်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲအမှတ်တရ


ရခဲ့သမျှ အရာရာ” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာဖော်ပြလာတာ ပဲဖြစ်ပါတယ်။


ဗီဒီယိုလေး ထဲမှာ သက်မွန်မြင့် တစ်ယောက် ကလေးအမေတစ်ယောက်လို့ ထင်မှတ်စရာ မရှိလောက်အောင် အရွယ်တင်နုပျိုပြီး လှပနေတာ ကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတော့မှာ အမှန်ပဲဖြစ်ပါတယ်။


ပရိသတ်ကြီး တို့ကလည်း သက်မွန်မြင့်ရဲ့ ဇာတ်လမ်းတွဲလေးကို စောင့် မျှော်ကြည့်ရှု့ အားပေးလိုက်ကြပါဦးနော်…..။


hannyeinnews