ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတဲ့ ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ဩစတေးလျနိုင်ငံတွင် ကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း မြန်မာနိုင်ငံကို အပြီးပြန်လာတော့မှာဘဲဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်တော့မှာဘဲ ဖြစ်ပါတယ်။ သားလေးနဲ့တွေ့ရဖို့ ရက်တွေနီးကပ်လာပြီဖြစ်တဲ့အတွက် ခေးလေးတစ်ယောက် ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။
ပရိသတ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် တင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိန်းကလေးတွေ သိချင်နေကြ တဲ့ အလှအပရေးရာဆိုင်ရာအကြောင်းလေးတွေကိုလည်း Live လွှင့်ကာ ရှင်းပြပေးရုံတင်မကဘဲ Vlog Video လေးတွေရိုက်ကူးပြီးတော့လည်း ဝေမျှပေးနေတာလည်း ဖြစ်ပါ တယ်။ မကြာ သေးခင် နာရီပိုင်းလောက်ကလည်း ခေးလေးရဲ့ Instagram story မှာ ဗီဒီယိုနဲ့ ပုံလေးတစ် ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း အပြစ်ပြောစရာမရှ်အောင်ကို သွယ်လျနေတဲ့သူမရဲ့ဘော်ဒီလေးကို ဗီဒီယိုလေး ရိုက်ကူးပြီး ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ယာပေါ်တွင် နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ချစ်ခင်ပွန်းရဲ့အားတစိမ့်စိမ့်ကြည့်ကာ ချစ်မဝဖြစ်နေတဲ့ ပုံလေးကိုပါ တင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အချိန်နဲ့တစ်ပြေးညီသိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Yunwaddy Lwin Moe’s IG Account