ဖေဖေ့ရဲ့ရှုတင်ရှိရာ ပြင်ဦးလွင်မြို့ကို လိုက်သွားပြီး အနွေးထည်အမျိုး မျိုး နဲ့ စတိုင်လ်ထုတ်ပဲများနေတဲ့ မြင့်မြတ် ရဲ့သားလေး မြတ်သူ


ဖေဖေ့ရဲ့ရှုတင်ရှိရာ ပြင်ဦးလွင်မြို့ကို လိုက်သွားပြီး အနွေးထည်အမျိုး မျိုး နဲ့ စတိုင်လ်ထုတ်ပဲများနေတဲ့ မြင့်မြတ် ရဲ့သားလေး မြတ်သူ

မင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်အပေါ် စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သ ရုပ် ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ အက်ရှင်၊ ဟာသ၊ ဒရမ်မာ စတဲ့ ဇာတ်လမ်းမျိုးစုံမှာ သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ် က တော့ အကယ်ဒမီဆုကြီးတစ်ဆုတည်းသာ ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် တစ်နိုင်ငံလုံးက ပရိသ တ် အားပေးမှုကိုတော့ အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်ကို အားပေးကြရုံသာမက အနေအေးပြီး သိမ်မွေ့လွန်းတဲ့ မြင့်မြတ်ရဲ့ဇနီးလေး မခင်သူအောင်နဲ့ ချစ် စရာကောင်းတဲ့ သားလေး မြတ်သူကိုပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။



လက်ရှိမှာတော့ မြင့်မြတ်က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာ တ် ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မြင့်မြ တ် ကတော့ သူရုပ်ရှင်ရိုက်ကူးရာမြို့တိုင်း သူ့ရဲ့မိသားစုကိုခေါ်သွားလေ့ရှိရာ အခုလည်း ချစ်ဇနီးနဲ့ သားလေးကို သူရုပ်ရှင်ရိုက်ကူးရာ ပြင်ဦးလွင်မြို့ကိုခေါ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ သားလေးမြတ်သူကတော့ ပြင်ဦးလွင်မြို့မှာ အနွေးထည်တွေအမျိုးမျိုးနဲ့ စတိုင်လ်ထုတ်ပဲများနေ တာကို အခုလိုပဲ တွေ့ရပါတယ်။



မြင့်မြတ်ကတော့ မကြာခင်မှာ နောက်ထပ် ရင်သွေးလေးတစ်ယောက်ကို ရရှိတော့မှာဖြစ်သလို သူ့ ရဲ့ သားလေး မြတ်သူကိုလည်း မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင် သွားလေရာခေါ် ဆောင်သွားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့သားလေး မြတ်သူကိုကြည့်ပြီး ချစ် လို့မဝနိုင်ဖြစ်နေမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အား လုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။



Source: Myat Thu’s fb

Bilie – Cele Connections