ဆွဲဆောင်မှုအပြည့်နဲ့ အလှဆုံးဖြစ်နေတဲ့ အိချောပိုနဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အခိုက်အတံ့ လေး ကို မျှဝေပေးလာတဲ့ ပိုင်တံခွန်


ဆွဲဆောင်မှုအပြည့်နဲ့ အလှဆုံးဖြစ်နေတဲ့ အိချောပိုနဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အခိုက်အတံ့ လေး ကို မျှဝေပေးလာတဲ့ ပိုင်တံခွန်

ချိုသာတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ပြည်တွင်းမှာသာမက ပြ ည် ပနိုင်ငံတွေထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တော်ရုံအနုပညာရှင် လိုက်လို့မမှီနိုင်တဲ့ အောင်မြင်မှုတွေကို တဖွဲဖွဲရရှိပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ကတော့ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက လေးစား ချစ်ခင်နေရသူတစ်ယောက် ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ထက် ဝါရင့်၊ သမ္ဘာရင့်တဲ့ စီနီယာ အနုပညာရှင်တွေအပေါ် လေးစားမှုရှိသလို သူနဲ့တန်းတူ အနုပညာရှင်တွေကိုလည်း နွေးထွေးစွာ ဆက်ဆံတတ်သူတစ်ယောက် ဖြစ်ပါတယ်။



အောင်မြင်မှုအရှိန်အဟုန်ကောင်းနေတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတဲ့ ပိုင်တံခွန်က ဒီကနေ့မှာလည်း မင်းသမီးချော အိချောပိုနဲ့ အတူတူ ကြော်ငြာလေးတစ်ခု ရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဆွဲဆောင်မှု အပြည့်နဲ့ အလှဆုံးဖြစ်နေတဲ့ အိချောပိုနဲ့အတူတူ ရိုက်ကွင်းပေါ်က အခိုက်အတံ့လေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။



ပိုင်တံခွန်ကတော့ အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အိချောပိုနဲ့ ကြော် ငြာလေးတစ်ခုမှာ လိုက်ဖက်ညီညီ သရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိချောပိုနဲ့ ပိုင်တံခွန်ရဲ့ ကြော်ငြာလေး ထွက်ရှိလို့လာရင် အားပေးပေးကြပါဦးနော်။ ဖတ်ရှုပေး ကြ တဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင် ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။



Source: Paing Takhon & Ei Chaw Po’s fb

Bilie – Cele Connections