တရားမဝင်လမ်းကြောင်းမှဝင်လာသည့် ကိုဗစ်ကာကွယ်ဆေးများ ရောင်းချပါက အရေးယူမည်


တရားမဝင်လမ်းကြောင်းမှဝင်လာသည့် ကိုဗစ်ကာကွယ်ဆေးများ ရောင်းချပါက အရေးယူမည်

တရားမဝင်လမ်းကြောင်းမှ ရောက်ရှိလာမည့် COVID-19 ကာကွယ်ဆေးများကို ရောင်းချမည်ဆိုပါက အမျိုးသားဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။


ယခုအချိန်မှာ အိန္ဒိယမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၁သန်းခွဲသည် မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည်ပိုင်းမှာ ရောက်ရှိလာမှာဖြစ်ပါတယ်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူများကို COVID-19 တရားမဝင်ကာကွယ်ဆေးဝါးများ အသုံးမပြုရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ပြည်သူများအနေဖြင့်လည်း တရားမဝင်လမ်းကြောင်းမှဝင်လာပြီး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ စိစစ်ထားခြင်းနဲ့ စနစ်တကျ သိုလှောင်ထားခြင်းတို့မရှိသည့် COVID-19 ကာကွယ်ဆေးများကို ထိုးနှံမည်ဆိုပါက ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း ဆိုပါတယ်။


ထို့အတွက်ကြောင့် တရားမဝင်လမ်းကြောင်းမှ ဝင်လာပြီး စိစစ်ထားခြင်းမရှိသည့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပါက ကျန်းမာရေးကို ထိခိုက်နိုင်ခြင်းကြောင့် ထိုးနှံခြင်းမပြုလုပ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်။


TMA