ပင်လယ်နှစ်ခု ဆုံရာနေရာမှာ တည်ထားတဲ့ သမိုင်းဝင် မြတ်မော်တင်စွန်းစေတီတော်အကြောင်း


ပင်လယ်နှစ်ခု ဆုံရာနေရာမှာ တည်ထားတဲ့ သမိုင်းဝင် မြတ်မော်တင်စွန်းစေတီတော်အကြောင်း

ကပ္ပလီပင်လယ်(Andaman Sea)နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော်(Bay of Bengal)တို့ထိစပ်ရာ (သို့မဟုတ်) ပိုင်းခြားထားရာနေရာလေးတစ်ခု။


မြန်မာနိုင်ငံ၏သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများထဲတွင်တစ်ဆူအပါအဝင်ဖြစ်သော၊ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းနယ်၊မြန်မာနိုင်ငံ၏အနောက် တောဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။


တဖုသနှင့်ဘလိက္ကကုန်သည်ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအားလျှောက်ထားချက်အရပေးသနားတော်မူသောဆံတော်ရှစ်ဆူအနက်နှစ်ဆူကိုဇေယျသေနနဂါးမင်းကသက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီးဌာပနာကာစေတီတော်ကို


တည်ထားကိုးကွယ်သည်ဟုသမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီးအသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ပုဂံခောတ်အလောင်းစည်သူမင်းလက်ထက်တွင်တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ဆံတော်ရှင်စေတီတော်မြတ်ကြီးအားနှစ်စဉ်တပေါင်းလဆန်း၁ရက်နေ့မှတပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။


ဘုရားဖူးမိဘပြည်သူများအနေဖြင့်ရှေးယခင်ကဘုရားဖူးရာသီချိန်တွင်ရေလမ်းခရီးမှသာအထူးရေယာဉ်များဖြင့်သွားရောက်ဖူးမျှော်နိုင်ပြီး၂၀၁၀ခုနှစ်မေလ၁၄ရက်နေ့မှစကာပုသိမ်သလပ်ခွာမော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာအဝေးဖြင့်လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။


ကားလမ်းမှာအနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊ရင်တဖိုဖိုလည်းဖြစ်ရပါသည်။


တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။


ရိုးသားကြိုးစားဧရာဝတီသားတို့နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊သစ်ကတိုးအိုင်းစခန်း၊ FMစိုက်ပျိုးရေးစခန်းအလီလီကိုဖြတ်သန်းကာငပုတောမြို့သို့တထောက်နားကျပါသည်။


ထိုမှလွန်သော်ဥသျှစ်ကွင်း၊တောကြီးရွာ၊ငရုတ်ကောင်းတောင်ရွာ၊ဂိုးလောင်းရွာ၊ငါးပြေမရွာ၊မရမ်းကွင်းရွာတို့ကိုကျော်လာပါကဆံတော်ရှင်စေတီတော်မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။


မြန်မာနိုင်ငံ၏အနောက်တောင်ဘက်အငူအစွန်းပေါ်တွင်တည်ရှိနေခြင်း၊ပင်လယ်ကြီးနှစ်ခုမှပို့လွှတ်လိုက်သောသန့်ရှင်းလတ်ဆက်သည့်လေ၊ရေလှိုင်းများကြောင့်ဘုရားဖူးရသည့်အာရုဏ်မှာအခြားမည်သည့်ထိတွေ့မှုများ၊ခံစားမှုများနှင့်တုနှိုင်းမရဖြစ်မိပါသည်။


တခါတရံနဂါးမောင်နှံတွေများစံပျော်နေသလားခံစားရအောင်ပင်လယ်လှိုင်းလုံးများကဖေါ်ကျူးနေသရောင်၊ဆံတော်ရှင်စေတီကြီးအားနဂါးမောင်နှံတို့လာရောက်ဖူးနေသရောင်အားဖျော်ဖြေမှုရသအပြည့်ပေးနေပါတော့သည်။


Credit: SearchMyanmar