ဘွမ်ဒီရာကို လက်လွတ်ခဲ့ရပြီးနောက် အာဆင်နယ်နဲ့ သတင်းထွက်နေဆဲ ကစားသမား (၅) ဦး


ဘွမ်ဒီရာကို လက်လွတ်ခဲ့ရပြီးနောက် အာဆင်နယ်နဲ့ သတင်းထွက်နေဆဲ ကစားသမား (၅) ဦး

အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နော့ဝစ်အသင်းသား ဘွမ်ဒီရာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အက်စတွန်ဗီလာက တရားဝင် ကြေညာခဲ့ပြီဖြစ်ပါတယ်။


ဘွမ်ဒီရာကို ကလပ်စံချိန်တင်ကြေးဖြင့် ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရသွားတဲ့ ဗီလာဟာ ကစားသမားကို ကိုလံဘီယာဖြင့် ယှဉ်ပြိုင်ရမယ့် အာဂျင်တီနားအသင်းရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲ မတိုင်ခင်မှာ ဆေးစစ်သွားမှာဖြစ်တယ်။ ပွဲအပြီးမှာတော့ အပြောင်းအရွှေ့ကိစ္စ တရားဝင် အပြီးသတ်မယ်လို့ ဗီလာဘက်က ကြေညာသွားခဲ့တယ်။


ဘွမ်ဒီရာကို ခေါ်ယူရေး မအောင်မြင်ခဲ့တဲ့နောက် ဒီနွေမှာ အာဆင်နယ် ခေါ်ယူဖို့ သတင်းထွက်နေတဲ့ ကစားသမား ၆ ဦးစာရင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။


1. Martin Odegaard


မန်နေဂျာအာတီတာက အိုဒီဂတ်ကို ခေါ်ယူရေးကို ကလပ်ရဲ့ ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း The Athletic က ဖော်ပြထားပြီးဖြစ်တယ်။ အက်စတွန်ဗီလာက ဘွမ်ဒီရာကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် နော်ဝေသားကို ပိုပေးရဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်ကတော့ မန်နေဂျာအန်ဆယ်လော့တီက ကွင်းလယ်လူကို အလိုရှိမလားဆိုတဲ့ အနေအထားကို စောင့်ကြည့်သွားဦးမှာ ဖြစ်ပါတယ်။


2. Wilfried Zaha


ပဲလေစ့်ကနေ ထွက်ခွာလိုနေတဲ့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမား ဇာဟာကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ကုန်ကျမယ်လို့ The Times က ဖော်ပြထားတယ်။ ဘွမ်ဒီရာနဲ့ မကွာလှတဲ့ ပြောင်းရွှေ့ကြေးဖြစ်ကာ ဇာဟာက ပရီးမီးယားလိဂ်ရဲ့ ထိန်းချုပ်ရ အခက်ဆုံး တောင်ပံသမားတွေထဲက တစ်ဦးဖြစ်ကာ သူဟာ ဘွမ်ဒီရာထက်စာရင် တိုက်စစ်သမား ပိုဆန်သူဖြစ်ပါတယ်။


3. Yves Bissouma


ဘရိုက်တန်ကနေ ထွက်ခွာလိုနေတဲ့ ဘစ်ဆိုမာဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင်လောက်တော့ ရှိနိုင်ပါတယ်။ လန်ဒန်သတင်းထောက်တွေကတော့ ကစားသမားက သူ အာဆင်နယ်ကို ပြောင်းလိုတယ်လို့ အေးဂျင့်ဖြစ်သူကို ထုတ်ပြောထားတယ်လို့ ဖော်ပြနေကြတယ်။ ဘစ်ဆိုမာဟာ အာဆင်နယ်ပရိသတ်လို့လည်း ယူဆခံရမှုတွေ ရှိပါတယ်။


4. Ruben Neves


The Athletic ရဲ့ ဖော်ပြမှုအရ အာဆင်နယ်ဟာ ဒီနွေမှာ ကွင်းလယ်လူ အများအပြားကို ရောင်းထုတ်ရဖွယ်တွေ ရှိနေခြင်းကြောင့် ကွင်းလယ်ကို သေချာပေါက် ပြန်လည် အားဖြည့်လိုနေကာ နာဗက်စ်ကို ခေါ်ယူဖို့ ကြိုးစားလိုနေတယ်။ ကလပ်နှစ်သင်းကြား ဆက်သွယ်မှုတွေလည်း လုပ်ထားပြီဖြစ်ကာ ဝုဗ်ဘက်ကလည်း သူတို့ရဲ့ လူစာရင်းကို ပြန်လည် တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်။ နာဗက်စ်အတွက် ပေါင် ၃၅ သန်း ဝန်းကျင် ကုန်ကျမယ်လို့ သိထားရတာဖြစ်ပါတယ်။


5. Raheem Sterling


မန်စီးတီးက ဒီနွေမှာ ရောင်းထုတ်လိုတဲ့ ကစားသမားတွေထဲ စတာလင်လည်း ပါဝင်လာပါတယ်။ တောင်ပံသမားဟာ အီသီဟတ်မှာ မပျော်ရွှင်ဖြစ်နေကာ မန်စီးတီးကတော့ သူနဲ့ ဂျီးဆပ်ကို အလိုက်ပေးပြီး ဟယ်ရီကိန်းကို ခေါ်ယူလိုနေတယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြထားတယ်။ ဒါပေမယ့် အဆိုပါ အပြောင်းအရွှေ့မျိုး ဖြစ်နိုင်ချေနည်းပါးကာ စတာလင်ရဲ့ တန်ကြေးကလည်း အဖိုးမချိုနိုင်ပါဘူး။