ကိုဗစ် ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာပြည်ကို ရောက်လာပြီ။ လူတစ်ဦးကို နှစ်ခါထိုးရမှာဆိုတော့
လူခုနှစ်သိန်းခွဲအတွက် ကာကွယ်ဆေး ထိုးခွင့်ရတော့မယ်။
လေးလပိုင်းလောက်မှ အစောဆုံးရနိုင်မယ်လို့ ကြားထားတော့ ဇန်နဝါရီမှာ ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရတာ
အံ့ဩဝမ်းသာမိတယ်။ အာဆီယံနိုင်ငံတွေထဲမှာ တတိယမြောက် ကာကွယ်ဆေး ရတဲ့နိုင်ငံက ကိုယ်တို့ နိုင်ငံတဲ့လေ။
ကိုဗစ် ကြောင့် နိုင်ငံတိုင်း အထိနာနေကြတာ။ အခုအချိန်မှာ ကိုဗစ် ကာကွယ်ဆေးရဖို့ နိုင်ငံတိုင်းက
ကြိုးစားနေကြမှာပဲ။ ကိုယ့်တို့နိုင်ငံထက် ချမ်းသာတဲ့၊ အင်အားတောင့်တင်းတဲ့ နိုင်ငံတွေ ကာကွယ်ဆေး
မရကြသေးဘူး။ ကိုယ်တို့ရဲ့ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယရဲ့ သံတမန်ရေးရာ
ချောမွေ့မှုတွေက ဒီကောင်းခြင်းမင်္ဂလာကို ဖန်တီးပေးခဲ့တာပဲ။
ပထမဆုံး Front Line က ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံး ကာကွယ်ဆေး ထိုးနှံပေးလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က ပထမအသုတ်မှာ ကာကွယ်ဆေး မထိုးဘူး။ အစိုးရယန္တယားအတွက်
အရေးကြီးသူတွေအတွက်လျာထားတဲ့ ဒုတိယအသုတ်မှာ ကာကွယ်ဆေးထိုးခွင့်ရတာတောင်
သူမက ပြည်သူတွေကို အားနာစကားပြောသေးတယ်။
သူကြိုးပမ်းခဲ့တဲ့ ကာကွယ်ဆေး၊ မြန်မာပြည်ရဲ့ လက်ရှိ ထိပ်ဆုံးခေါင်းဆောင်၊ ဒါပေမယ့် သူမဟာ
ဒါကို ရပိုင်ခွင့်လို့ ခံယူမထားဘဲ ပြည်သူနဲ့အတူဆိုတဲ့စကားနဲ့အညီ ရပ်တည်ပေးနေတာဟာ ပြည်သူဟာ
သူမကို ရွေးချယ်ခဲ့ခြင်းအတွက် အမှားအယွင်းမရှိခဲ့ဘူးဆိုတာ သက်သေပါပဲ။
ကိုဗစ်နဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ပေးခဲ့ကြတဲ့ ဆေးဝန်ထမ်းတွေ ကာကွယ်ဆေးထိုးခွင့်ရခြင်းကို
ဝမ်းမြောက်သလို အစိုးရယန္တယားအတွက် တာဝန်ရှိသူတွေ ကာကွယ်ဆေးထိုးနှံခွင့်ရတာ
ကျေနပ်ပါရဲ့။ ကိုယ်တို့ပြည်သူတွေလည်း သိပ်မဝေးလှတဲ့ တစ်နေ့ ကာကွယ်ဆေးထိုးခွင့်ရမယ်၊
ကိုဗစ်ကို အောင်နိုင်ပြီလို့ ဟစ်ကြွေးခွင့်ရတော့မယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြီး တစ်ခုလုံးမှာ စ၊ လယ်၊ ဆုံး အတူရုန်းပေးခဲ့တဲ့ အမေ သက်ရှည်ကျန်းမာပါစေ။
အိပန်ဆယ်လို