လူမှုကွန်ယက်ပေါ်တွင် အနုပညာရှင်တွေအဖမ်း ခံရ အောင် သတင်းပေးနေတဲ့ဒလန်လို့ စွပ်စွဲနေကြ တဲ့အ ပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ နန်းခင်ဇေယျာ


လူမှုကွန်ယက်ပေါ်တွင် အနုပညာရှင်တွေအဖမ်း ခံရ အောင် သတင်းပေးနေတဲ့ဒလန်လို့ စွပ်စွဲနေကြ တဲ့အ ပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ နန်းခင်ဇေယျာ

ပရိသတ်ကြီးရေ  သရုပ်ဆောင်  နန်းခင်ဇေယျာကိုတော့  အားလုံးသိကြမယ်  ထင်ပါတယ်နော်။  Miss Universe Myanmar 2012 တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  အနုပညာလောကသို့ ဝင်ရောက်လာခဲ့သူပါနော်။ ဒီနေ့မှာတော့ သူမနဲ့ပတ်သတ်တဲ့ သတင်းက Facebookပေါ်တွင် တော်တော်လေးကို ဂယက်ထခဲ့တာပါနော်။ အနုပညာရှင်တွေရဲ့ နေရပ်လိပ်စာတွေကို သတင်းပေးပြီး ဒလန်လုပ်နေတယ်လို့ အကောင့်တစ် ခုမှ တင်ထားတာပါနော်။




နန်းခင်ကို စွပ်စွဲတဲ့ အကောင့်ပိုင်ရှင်မှ ” ယုံကြည်ရတဲ့သူတစ်ယောက်ဆီက တိကျတဲ့သတင်းဆိုပြီး ရထားတယ်။အနုပညာရှင် တစ်ယောက် က ဒလန်လုပ်ပြီး တခြားအနုပညာရှင်တွေရဲ့ တည်နေရာကို စစ်ဘက်ကို ညဆိုပို့ပေးတာ။




ဒါပေမဲ့ အဲ့အနုပညာရှင်ရဲ့ pageကို သွားရှာကြည့်ပြန်တော့ speak out လုပ်သင့်သလောက်လုပ်ထားပြန်တယ်။ကျွန်တော်လည်း ထုတ်ပြော ရမလား မပြောရမလားကို မသိတော့ဘူး။ လူမှားစွပ်စွဲမိမှာစိုးသလို မှန်နေပြန်ရင်လည်းတခြားအနုပညာရှင်တွေ ဒုက္ခရောက်မှာ စိုးပြန်တယ်။



ကိုယ့်မိသားစုကလွဲ အပြင်လူကိုမယုံကြပါနဲ့။ သတိရှိကြပါ။ ကိုယ်ရှိတဲ့နေရာကို အလွယ်တကူထုတ်မပြောကြပါနဲ့ဗျာ။ ” လို့ ရေးသားထားတာပါနော်။




ဒီကိစ္စနဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာရဲ့ Facebook အကောင့်တွင်လည်း ” ယခုလတ်တလောထွက်ပေါ်နေသောသတင်း (သတင်းအရင်း အမြစ်ကို အတိအကျဖော်ပြမထား) သည် သတင်းအမှန် မဟုတ်ပါရှင့်။ နန်းခင်လည်းလုံခြုံတဲ့ နေရာတစ်ခုမှာ နေထိုင်နေပါတယ်။



စိတ်ပူပေးကြတဲ့ ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။သတင်းအမှန် မဟုတ်တဲ့အတွက်  စိတ်မပူကြရန်နှင့် ထွက်ပေါ်လာသောသတင်းများအား စဉ်းစားချင့်ချိန်ပြီးယုံကြည်ပေးကြဖို့ နန်းခင်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်” လို့ ပြန်လည်ဖြေရှင်း ထားတာကို တွေ့ရပါတယ်။