ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန်ကိုတော့ ဒီမနက်ခင်းပိုင်းမှာ စစ်ကား (၈) စီးဖြင့် လာရောက် ဖမ်းခေါ်သွားခဲ့ တာပါနော်။ သူ့ကို လည်း အခြားသူများနည်းတူ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတာပါနော်။ အဖမ်းခံရချိန်မှာ နေအရမ်းမကောင်းနေတာကြောင့် မိသား စုဝင်များက စိတ်ပူနေကြတာပါနော်။
လွန်ခဲ့တဲ့လကလည်း ပုဒ်မတွေမတပ်ခင်ကတည်းက စစ်သားအင်အားအများအပြားနဲ့ လိုက်လံ ရှာဖွေနေကြတာပါနော်။ ပိုင်တံခွန်ဟာ လမ်း တောင်ကောင်းကောင်း မလျှောက်နိုင်ပဲ ကိုယ့်ကိုကိုယ်လည်း သိပ်မမှတ်မိတော့ဘူးလို့နီးစပ်ရာလူတွေက ပြောထားတာပါနော်။
အခုလည်း ပိုင်တံခွန်ကို ဌက်ဖျားရောဂါကြောင့် ကုတင် ၅၀၀ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းကိုလူမှုကွန်ယက်တွင် လူ အတော်အများ တင်နေကြတာမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ပရိသတ်ကြီးရေ…..ပိုင်တံခွန်လည်း အမြန်ဆုံး နေကောင်းကျန်း မာပါစေနော်။