Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချနိုင်မယ့်နည်းလမ်းများ


Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချနိုင်မယ့်နည်းလမ်းများ

Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချနိုင်မယ့်နည်းလမ်းများ


လူတိုင်းမှာ Stress အမျိုးမျိုးရှိကြပေမယ့် တချို့ကျတော့ Relationship ကြောင့် ဖြစ်ကြတယ်။ တခြားကြောင့်ဖြစ်တာတွေထက် Relationship ကြောင့်ဖြစ်တာက ပိုပြီးတော့ ခံစားရတာကြာပါတယ်။ ဒါကြောင့် Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချနိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။


1.အလှအပကိုအာရုံစိုက်ပါ


ကိုယ့်ကိုယ်ကိုပိုလှလာအောင်ပဲ အလှအပကိုအာရုံစိုက်လိုက်ပါ။ ပိုလှလာအောင်နေရင် အရင်ထက်တော့ ပိုပြီးစိတ်ချမ်းသာရပါတယ်။ Stress တွေလည်း လျော့သွားပါတယ်။



2.Overthinking မဖြစ်ပါနဲ့


Stress အများဆုံးသူတွေရဲ့ဆိုးတဲ့အချက်က Overthinking ဖြစ်လွန်းတာပါပဲ။ ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်ပြီး စိတ်ပိုညစ်ရတယ်။ စိတ်ဖိစီးမှုတွေပိုရတယ်။ ဒါကြောင့် Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချချင်တယ်ဆိုရင် ဘာကိုမှ အရမ်းမတွေးပါနဲ့။ ခေါင်းထဲအရမ်းမထည့်ပါနဲ့။ Overthinking မဖြစ်ပါနဲ့။



3.အရာရာတိုင်းကိုသင် Control မလုပ်နိုင်ပါဘူး


လူတစ်ယောက်ကို Control လုပ်ချင်တဲ့စိတ်၊ စိုးမိုးချင်တဲ့စိတ်က Control လုပ်ခံရတဲ့သူပဲ မွန်းကျပ်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပါ မွန်းကျပ်ပါတယ်။ စိတ်ဖိစီးရပါတယ်။ ကိုယ်လိုချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကိုယ်ပဲ စိတ်တိုဒေါသထွက်ပြီး ပူလောင်ရပါတယ်။ လူတစ်ယောက်ကို ကိုယ့်စိတ်ကြိုက်ပုံသွင်းလို့လို့လည်းမရသလို ထိန်းချုပ်ထားလို့လည်း မရပါဘူး။ ဒါကြောင့် Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချချင်တယ်ဆိုရင် အရာရာတိုင်းကို Control မလုပ်ပါနဲ။



4.ပုံအောမထားပါနဲ့


တချို့က အရမ်းအချစ်ကြီးကျတော့ ကိုယ့်ချစ်သူအပေါ်မှာပဲ အရာရာကို ပုံအောထားတယ်။ သူကလွဲရင် ဘာမှမမြင်တော့ဘူး။ ကိုယ့်အတွက်ကိုယ်တောင် မသိတော့ဘူး။ ဒီလို ပုံအောထားရင် ပိုပြီး ခံစားရတယ်။ ပိုပြီး စိတ်ဖိစီးရပါတယ်။