ရန်ကုန်တွင် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သဖြင့် ဆော့ကစားနေသည့် အသက် ၁၄ နှစ်အရွယ် ဟိန္ဒူဘာသာဝင် ကလေးတဦးသေဆုံး
ရန်ကုန်၊ မတ် ၂၇
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးရထားဝင်းတွင် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သဖြင့် ဆော့ကစားနေသည့်
အသက် ၁၄ နှစ်အရွယ် ဟိန္ဒူဘာသာဝင်ကလေးတဦး မတ်လ ၂၇ ရက်နေ့တွင် ဦးခေါင်းကို သေနတ်ထိမှန်သဖြင့် သေဆုံးသွားခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုသည် အဆိုပါနေရာတွင် ဆန္ဒဖော်ထုတ်မှုများရှိ၍ ပစ်ခတ်ခြင်းမဟုတ်ဘဲ မြို့နယ်က အကြမ်းဖက်ဝင်လာမည့်သူများ၏
ရန်မှကာကွယ်ရန် တားဆီးထားသည့်အဟန့်အတားများရှိနေခြင်းကြောင့်ပင် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ်တွင်နေထိုင်သူများထံကသိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် သေဆုံးသွားသည့် ဟိန္ဒူဘာသာဝင်ကလေးငယ်၏ ရုပ်အလောင်းကို ယူဆောင်သွားသဖြင့် မိသားစုသည် ယင်းရုပ်အလောင်းကို ပြန်လိုချင်ကြောင်း မိသားစုကဆိုသည်။
မတ်လ ၂၇ ရက်နေ့၊ ညနေ ၄ နာရီခွဲအထိ Milk Tea Alliance Myanmar ကစုစည်းထားသည့် အချက်အလက်များအရ
နိုင်ငံတဝှမ်းရှိ မြို့နယ် ၄၀ မှ လူပေါင်း ၉၁ ဦးထိ ကျဆုံးပြီး၊ ဒဏ်ရာရသူများရှိနေသည့်အပြင်
အကြမ်းဖက်စစ်အုပ်စုက ပြည်သူများကို အကြမ်းဖက်နေဆဲဖစ်သဖြင့် သေဆုံးမှုများတိုးလာဖွယ်ရှိသေးသည်။
MM_Hindu_Media