LOCAL BUSINESS CYCLEလည်ပတ်အောင် တရုတ် ပစ္စည်း တွေကို အသုံးမပြုပဲ MADE IN MYANMAR PRODUCTS တွေကို သုံးစွဲကြဖို့ တိုက်တွန်းလိုက်တဲ့ ထိုက် ထိုက်


LOCAL BUSINESS CYCLEလည်ပတ်အောင် တရုတ် ပစ္စည်း တွေကို အသုံးမပြုပဲ MADE IN MYANMAR PRODUCTS တွေကို သုံးစွဲကြဖို့ တိုက်တွန်းလိုက်တဲ့ ထိုက် ထိုက်

အဆိုတော် ထိုက်ထိုက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သူတစ် ယော က်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းစီးပွားရေးနဲ့ ဆက်စပ်နေတဲ့ တရုတ်ထုတ်ပစ္စည်းတွေကို မသုံးစွဲကြဖို့အတွက်လည်း ပြည်သူ တွေကို မေတ္ တာရပ်ခံကာ တိုက်တွန်းနေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထိုက်ထိုက်က သူမရဲ့ လူမှုကွန်ယက် Facebook Account ထက်မှာ ပိုစ့်တစ်ခုတင်ကာ ပြောပြလာခဲ့ပါတယ်။ 




ဒါကတော့ တရုတ်ထုတ်ပစ္စည်းတွေကို မသုံးစွဲကြဖို့နဲ့ ပြည်တွင်းဖြစ် ပစ္စည်းတွေကို စျေးအများကြီး တင်ကာ မရောင်းချဖို့အတွက်ပဲ ဖြစ်ပါ တယ်။ သူမကိုယ်တိုင်လည်း ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ Made in Myanmar products တွေကို အရင်ထက် အမြတ်တွေ လျော့ ချပြီး ရောင်းချနေတာဖြစ်ပါတယ်။ ဒါ့အပြင် Quality ကိုတော့ အရင်တိုင်းထိန်းထားပါတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ ပါသေးတယ်။ 




အဆိုတော် ထိုက်ထိုက်က အခုလို အခြေအနေမျိုးမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ရင်း ” ဒါကျွန်မ တတ်နိုင် တဲ့ ဘက်က Local products ကို Local citizen တွေ အားပေးချင်စိတ်ရှိအောင် ပြုလုပ်ခြင်းပါပဲ ။ Local citizen တွေကို အရင် အားပေး အောင်လုပ်နိုင်မှ Local business cycle ကို လည်ပတ်အောင် စွမ်းဆောင်နိုင်မှာပါ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားကာ ရှင်းပြခဲ့ပါ သေးတယ်။ ပရိသတ်တွေ အသေးစိတ်ဖတ်နိုင်စေဖို့အတွက် ထိုက်ထိုက်ရဲ့ စာသားတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ 







သတင်းအရင်းမြစ်: Source & Photo Credit – Htike Htike Aung’s Facebook Account