KIA ကို ရဲများအလံဖြူထောင်


KIA ကို ရဲများအလံဖြူထောင်

ကချင် လွတ်မြောက်ရေး တပ်မတော် KIA လာရောက်တိုက်ခိုက်မှာစိုးတဲ့အတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကုမ္ပဏီမှာ အခြေစိုက်တဲ့ ရဲတွေဟာ ဒီနေ့ဧပြီလ ၃ ရက်၊ မနက်မှာ အလံဖြူထောင်ခဲ့ကြပါတယ်။


ဒါက ကချင်ပြည် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်းခါ နောက်ဖက်က ရတနာရွှေအိတ် ကုမ္ပဏီ မှာ အခြေစိုက်ထားတဲ့ ရဲအခြေစိုက် စခန်းဖြစ်ပြီး အလံဖြူပြပြီးနောက် ဆုတ်ခွာသွားခဲ့ကြပါတယ်


ကချင်လွှတ်မြောက်ရေး တပ်မတော် KIA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း‌ကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ စစ်စခန်းတွေကို တောက်လျောက် စစ်ဆင်၊ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။


ဒါ့အပြင် ဒီနေ့မှာပဲ အာဏာရှင် လူတစ်စုရဲ့ စေခိုင်းမှုကြောင့် သား၊ မယား၊ ဆွေမျိုးတွေကို စွန့်ပြီး ရှေ့တန်းရောက်လာရတဲ့သူတွေကို အာဏာရှင်ကိုဆန့်ကျင်ပြီး KIA ကိုပူးပေါင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။


KIA အနေနဲ့လည်း ရှေ့တန်းမှာ မလွှဲသာလို့ တိုက်ခိုက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။