လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူအများအပြား သေဆုံး…!


လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူအများအပြား သေဆုံး…!

လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူအများအပြား သေဆုံး…!


မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်ပြည်နယ်၊


ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်တွေက ကလေးငယ်တွေ အပါအဝင် လူထု ၁၂,၀၀၀ ကျော် အိုးအိမ်စွန့်


ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။


လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူအများအပြား သေဆုံးရပြီး စာသင်ကျောင်း၊ လူနေအိမ်နဲ့ ကျေးရွာတွေ


ပျက်စီးပြီးတော့ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်နေတယ်လို့လည်း KNU က ပြောပါတယ်။


အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တလကြာ အပစ်ရပ် ကြေညာထားတဲ့ကြားမှာပဲ


ကရင်ပြည်နယ်ဘက်မှာ လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်နေတာပါ။


စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်အရာရှိတွေကို


သတ်ခဲ့တဲ့ KNU တပ်မဟာ ၅ ကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ မတ်လ ၂၇ ရက်နေ့


တရက်တည်းပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ AFP သတင်းဌာနကို ပြောပါတယ်။


တနိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (NCA) ကို KNU က လက်မှတ်ရေးထိုးထားတဲ့အတွက် NCA အတိုင်း


လိုက်နာလုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခဖြစ်စရာအကြောင်း မရှိဘူးလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။


KNU ကတော့ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်တပ်ကို ဖျက်အားပြင်း လက်နက်ကြီး လက်နက်ငယ်တွေ၊


လူသတ်နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်တွေကို မရောင်းချဘဲ နိုင်ငံတကာက ပိတ်ဆို့ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။


KNU တပ်မဟာ ၅ ဒေသ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ယာယီအဖွဲ့ခေါင်းဆောင်


RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က ရှုတ်ချတယ်လို့


KIC ကရင်သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။


ဒီနေ့ကျင်းပတဲ့ PPST ရဲ့ အွန်လိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က စစ်ကောင်စီကို


ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောသွားတယ်လို့ KIC သတင်းမှာ ရေးထားပါတယ်။


Credit-မူရင်း