သွေးမြေကျမှုတွေနဲ့အသက်ဆုံးရှုံးမှုတွေရှိနေပေမယ့် သွေးမအေးကြတဲ့ GNEN Z တွေကို ချီးကျူးပြီးကျေးဇူး တင်စကားဆိုလိုက်တဲ့ ယွန်းယွန်း


သွေးမြေကျမှုတွေနဲ့အသက်ဆုံးရှုံးမှုတွေရှိနေပေမယ့် သွေးမအေးကြတဲ့ GNEN Z တွေကို ချီးကျူးပြီးကျေးဇူး တင်စကားဆိုလိုက်တဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ.. ကလေးသရုပ်ဆောင်အဖြစ် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်တဲ့အထိ သရုပ်ဆောင်ပိုင်နိုင်ပီပြင်သလို ယနေ့အ ချိန် ထိ အောင်မြင်မှုတွေရရှိထားတဲ့ ယွန်းယွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။


လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်နေပြီး အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ် အားဖြည့်နေတဲ့ သူမက တော့ ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက်လည်း ယူကြုံမရဝမ်းနည်းခံစားနေရသူလေးလည်း ဖြစ်ပါတယ်..


တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေနဲ့ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတဲ့ ယွန်းယွန်းကတော့ သွေးမြေကျမှုတွေနဲ့အသက်ဆုံးရှုံးမှု တွေ ရှိနေပေမယ့် သွေးမအေးကြတဲ့ Gnen Z တွေကို ချီးကျူးပြီး လှိုက်လှိုက်လဲှလှဲနဲ့ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်..။


အိမ်တံခါးတွေမှာ နှင်းဆီပန်းတစ်ပွင့်နဲ့ စာလေးတွေ လာထားပေးထားကြတဲ့ Gen Z တွေရဲ့ စိတ်ဓာတ်ပြင်းထန်မှု၊ ဇွဲနဲ့ ကြိုးစားမှုလေးတွေကို အသိအမှတ်ပြုရင်း သွေးမအေးဘဲ အမျိုးမျိုးတော်လှန်နေကြတာလေးတွေကို ကျေးဇူးတင်စကားလေးဆိုထားတာပါ..။


“Gen Z တွေက အိမ်တံခါးလေးတွေမှာ


နှင်းဆီပန်းတစ်ပွင့်နဲ့အတူ letterလေးပေးတာတဲ့ 


How touching..



ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်


သွေးမအေးတဲ့သူတွေအားလုံးကို တကယ်ကျေးဇူးပါ ..” ဆိုပြီး စိတ်မကောင်းစွာနဲ့ ကျေးဇူးတင်စကားလေးဆိုထားကြတာပဲ ဖြစ်ပါတယ်..။



ယွန်းယွန်းရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း ယနေ့အချိန် ထိ အရှုံးမပေးဘဲ တိုက်ပွဲဝင်နေကြတဲ့ Gen Z တွေကို ချီးကျူး ကာ အားပေးစကားလေးတွေပြောထားကြတာလည်း တွေ့ရပါတယ်..။


သတင်းအရင်းမြစ်: Yoon Yoon’s Fb Acc