လက်ရှိအချိန်မှာ အလှူရှင်မရှိတာကြောင့် ကလေးအယောက် (၅၀)ကျော် အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတဲ့ ဒလဘက်က မိဘမဲ့ဂေဟာ…!


လက်ရှိအချိန်မှာ အလှူရှင်မရှိတာကြောင့် ကလေးအယောက် (၅၀)ကျော် အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတဲ့ ဒလဘက်က မိဘမဲ့ဂေဟာ…!

လက်ရှိအချိန်မှာ အလှူရှင်မရှိတာကြောင့် ကလေးအယောက် (၅၀)ကျော် အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတဲ့ ဒလဘက်က မိဘမဲ့ဂေဟာ…!


မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ နဂိုစိတ်ရင်းအခံက အလှူအတန်း ရက်ရောကြတာဖြစ်လို့


ဒီလိုကာလမျိုးမှာ ပိုပြီးတော့တောင် လှူဒါန်းနေကြတာ ဖြစ်ပါတယ်။


လက်ရှိမှာဆိုရင် စီးပွါးရေးကျပ်တည်းကြပေမယ့် အကူအညီလိုအပ် နေကြတဲ့သူတွေကို မိမိတို့မှာ..


ရှိတာလေးတွေနဲ့ မျှပြီးလှူဒါန်းနေကြတာ ဖြစ်ပါတယ်။


အခုလိုအချိန်မျိုးမှာ မိဘမဲ့ဂေဟာတွေအတွက်လည်း စေတနာရှင်တွေက


တတ်နိုင်သလောက်လှူဒါန်းနေကြတာဖြစ်ပါတယ်။


စေတနာရှင် ပြည်သူတစ်ဦးကတော့ ဒလဘက်မှာရှိတဲ့ မိဘမဲ့ဂေဟာကို သွားရောက်ပြီး..


ကလေးတွေအတွက် လိုအပ်တာလေးတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။


မိဘမဲ့ဂေဟာလေးက ဒလဘက်က ကျူးကျော်လိုနေရာမျိုးမှာ တဲလေးတွေထိုးပြီး


တာလပတ်လေးတွေနဲ့ ကာထားတာဖြစ်လို့ အခုလိုနွေရာသီမှာ ကလေးတွေ မခံနိုင်လောက်အောင်..အရမ်းပူနေတာ ဖြစ်ပါတယ်။


ဒီမိဘမဲ့ဂေဟာလေးကို လူသိပ်မသိကြတာကြောင့် ပုံမှန်အချိန်မှာဆိုရင်တောင် အလှူရှင်နည်းပါးတာဖြစ်ပြီး


ကလေးအယောက် ငါးဆယ်ကျော်အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတယ်လို့ သိရပါတယ်။


ကလေးအယောက်(၅၀)အတွက်…တစ်ရက်စာ အလှူဆိုရင်တော့ တစ်သိန်းကျပ်လောက် ကျသင့်မှာ ဖြစ်ပါတယ်။


ကလေးတွေ အတွက် ဝတ်စရာအင်္ကျီနည်းပါးလို့တောင် (၃)နှစ်အရွယ် ယောက်ျားလေးကို ဂါဝန်လေး ဝတ်ပေးထားရတာဖြစ်ပါတယ်။


အခုလိုအချိန်မျိုးမှာ အလှူရှင်ပိုနည်းနေတဲ့အတွက်..ကလေးတွေအတွက် အရုပ်တို့၊အင်္ကျီတို့ကိုလည်း


တစ်နိုင်တစ်ပိုင်လေး လှူဒါန်းလို့ရပါသေးတယ်။


မိဘမဲ့ဂေဟာလေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးလှူဒါန်းချင်တဲ့ စေတနာရှင်တွေ အတွက်လည်း..


(Nom1100/11: Maha Ba Khaing Street: Kyan Sitt Thar Quarter. 09766035963)ကို


ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ဆိုတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။.. ..


Credit-မူရင်း