ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး သမ္မတရုံးပြတ်ပြတ်သားကြေငြာချက်ထုတ်လိုက်ပြီ


ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး သမ္မတရုံးပြတ်ပြတ်သားကြေငြာချက်ထုတ်လိုက်ပြီ

“ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲမှာ ရှုံးတယ်။ ရွေးကောက်ပွဲရှုံးတဲ့ဟာကို လက်မခံနိုင်ဘူးပေါ့နော်။ လက်မခံနိုင်တဲ့သူတွေက ဒီလိုမျိုး အမျိုးမျိုးအဖုံဖုံ ပြောကြားနေတာတွေ ဒါတွေလည်းပြည်သူတွေသိတယ်ပေါ့နော်။ တစ်ကယ်တန်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲပေးခဲ့တဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ ဘယ်သူ့ကိုမဲပေးခဲ့တယ် ဘယ်ပါတီကိုယ်စားလှယ်ကို မဲပေးခဲ့တယ်ဆိုတာ


ပြန်ကြည့်ရင် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဒီအတိုင်းပဲ အပြတ်အသတ်နိုင်တာပဲ။ လူထုရဲ့သဘောထား လူထုရဲ့ထောက်ခံမှုက ဒီအတိုင်းပဲရှိနေတာပဲ။ ဒါကိုကြည့်ရင်ရှင်းပါတယ်။ ဒါကြောင့် မဟုတ်အမှန် ဝေဖန်ပြောကြားနေတာတွေလုပ်နေသ၍ ဒီအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေအနေနဲ့ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တာပေါ့နော်။ နိုင်ငံရေးဆွဲကြိုးချတာဖြစ်လိမ့်မယ်ဆိုတာ ကျနော်ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်”


“တစ်ချို့ပြောတယ် တစ်ချို့ပါတီကအဖွဲ့တွေပြောတယ်၊ အသိအမှတ်မပြုဘူးဆိုတော့။ အသိအမှတ်မပြုဘူးဆိုတော့လည်း မပြုနဲ့ပေါ့။ ပြည်သူလူထုကအသိအမှတ်ပြုလို့ မဲပေးထားတာပဲ။ အဲ့ဒီတော့ အသိအမှတ်မပြုဘူးဆိုရင် သူတို့ရွေးချယ်စရာ ၂ ခုရှိတယ်။ နိုင်ငံတကာမှာလုပ်နေကြ။ ဘာလုပ်လဲဆိုတော့ ပါတီတစ်ခုလုံးက ပြန်သုံးသပ်တယ်။ ညီလာခံခေါ်တယ်။


တာဝန်ရှိတဲ့သူရှိတယ် ရှုံးတယ်၊ သူတာဝန်ယူတယ်၊ ထွက်တယ် ဥက္ကဋ္ဌအဖြစ်ကနေ ထွက်၊ နောက်လူချိန်း၊ Reform ပြန်လုပ်တယ်၊ နည်းဗျူဟာတွေပြန်ပြောင်းတယ်၊ နောင်လာမယ့် ရွေးကောက်ပွဲကျရင် နိုင်အောင်ဘယ်လိုလုပ်မလဲ။ ဒါ နိုင်ငံတကာမှာလုပ်တဲ့ဟာ လုပ်ထုံးလုပ်နည်းတွေ။ အဲ့ဒီလိုမဟုတ်ဘူး ၊ ဒိုင်ညစ်တယ်ပေါ့နော် ပြောရရင် ဒိုင်ညစ်တယ် ဒိုင်ညစ်တယ် ဒါပဲပြောနေရင်တော့ အဆင်မပြေဘူး”


“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာမှာလား မလိုက်နာဘူးလား မေးခွန်းတော့ရှိတယ်။ ကျနော်တို့တော့ အသိအမှတ်မပြုဘူးဆို အသိမပြုချင်နေ လူထုက အသိအမှတ်ပြုတယ်၊ တစ်ပြည်လုံးကအသိအမှတ်ပြုတယ်”


Zaw Htay (သမ္မတရုံး)