လှိုင်သာယာက ပြည်သူတွေ အစားအသောက်အဆင်ပြေစေရန်အတွက် တတ်နိုင်သလောက် လိုအပ်တာများလှူဒါန်းခဲ့တဲ့ ညီညီမောင်


လှိုင်သာယာက ပြည်သူတွေ အစားအသောက်အဆင်ပြေစေရန်အတွက် တတ်နိုင်သလောက် လိုအပ်တာများလှူဒါန်းခဲ့တဲ့ ညီညီမောင်

သုသုကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူတစ်ယောက်ပါ။ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင်  ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များ လှူဒါန်းခဲ့ပါသေးတယ်။




အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးက အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ညဘက်တွေဆိုရင်လည်း ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။




ဒီလိုအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မိသားစုတွေကို ပြည်သူတွေကော အနုပညာရှင်တွေက တတ်နိုင်သလောက်ထောက်ပံ့ကာလှူဒါန်းမှုတွေမျိုးစုံလုပ်ပေးနေတာလည်း ဝမ်းသာစွာတွေ့ရပါတယ်။အခုလည်းသုသုတစ်ယောက် လှိုင်သာယာက ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ကြက်သွန် စတဲ့အစားအသောက်များကို တတ်နိုင်သလောက်လှူဒါန်းခဲ့တာကိုတွေ့မြင်ရပါတယ်။အလှူပုံလေးတွေနဲ့အတူ ” တမူးရလို တပဲလှူ တိုရှမ်းတောင်သူ တူနိုင်ရိုးလား ဒီ အချိန်မျှတော့ ကိုယ်ရှိတဲ့ မျိုးစေ့ ထဲကတက်နိုင်တာလေး ပြန်လှု ဖြစ်တာပါ (ဆန်၊ဆီ၊ကြက်သွန်၊အာလူး)(လှိုင်သာယာ မှာလှုဖို့ပါ )”ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။




Yuan – Cele Zone


Photo – Nyi Nyi Maung