နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းများအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ


နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းများအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းများအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ


၂၀၂၁ ဖေဖော်ဝါရီလ (၁) ထဲက မြန်မာနိုင်ငံမှာစတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးဟာခုဆိုရင် ဖြိုခွင်းမှုတွေ ပစ်ခတ်မှုတွေနဲ့ကြုံတွေ့နေရတာကြောင့် အသက်ပေးသွားရသူတွေလည်းမနည်းသလို ဒဏ်ရာရရှိသူတွေလည်း တစ်ရက်ထက်တစ်ရက်များပြားလျက်ရှိပါတယ်။လူငယ်တွေကလည်း ယုံကြည်ချက်တွေအတွက် မိမိတို့အသက်ကိုပင် စွန့်လွှတ်ကာ ခုချိန်ထိ တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။


 


အများစုဟာ လူငယ်တွေဖြစ်တာကြောင့် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူတို့လေးတွေအတွက် မိသားစုတွေကလည်း စိတ်ပူပန်စွာအိမ်အပြန်လာကိုစောင့်နေကြတာလည်းတွေ့မြင်ရပါတယ်။လမ်းပေါ်ကပြည်သူပြည်သားတွေကလည်း အားလုံးဝိုင်းကူကာ ရရာနေရာကနေ စုပေါင်းကူညီပေးသလို အစားအသောက်ကအစ ပံ့ပိုးပေးနေကြတာလည်းတကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။


 


ဒီလိုတိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုလည်း အနုပညာရှင်တွေကဝိုင်းဝန်းစုပေါင်းပြီး အလှူငွေများ လှူဒါန်းပေးကာ ကျန်ရစ်သူ မိသားစုတွေကို အားပေးနှစ်သိမ့်ခဲ့ကြတာလည်းဖြစ်ပါတယ်။ခုလည်း ဆောင်းယွန်းစံက သူငယ်ချင်းတွေနဲ့စုပေါင်းပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေများသွားရောက်လှူဒါန်းခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။အလှူပုံလေးတွေနဲ့အတူ ” နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော သူရဲကောင်းများအတွက် ဆောင်းယွန်းတို့ သူငယ်ချင်းတွေ တတ်နိုင်သလောက်လေးလှူဒါန်းခဲ့ပါတယ်တူတူလှူဒါန်းပေးကြတဲ့သူများ အားလုံးကိုလဲ ကျေးဇူးပါရှင့်”ဆိုတဲ့စာလေးလည်းဝေမျှခဲ့ရာပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။




Yuan – Cele Zone


Photo – Saung Yoon San