လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တချို့မိသားစုတွေကလည်း ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးသွားရတာဖြစ်ပါတယ်။
ကျန်ရစ်သူမိသားစုရဲ့ ထမင်းဝိုင်းတွေကလည်း လူမစုံတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့ အခြေအနေရှိပါတယ်။
လက်ရှိမှာဆိုရင် တစ်ဦးတည်း သောသားသမီးတွေလည်း ကျဆုံးသွားရတာကြောင့်
မိဘတွေအနေနဲ့ အရမ်းရင်ကျိုးရပြီး တချို့ကလေးတွေဆိုလည်း မိဘမဲ့ဖြစ်သွားရပြီဖြစ်ပါတယ်။
ကျဆုံးသူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကိုတော့ ပြည်သူလူထုက တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကဆိုရင်လည်း မန္တလေးမြို့မှာ နေထိုင်တဲ့ ဦးဖြိုးမောင်မောင်ကတော့
လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ခြေထောက်ကို ကျည်ထိသွားတာဖြစ်ပါတယ်။
ဆေးရုံ၊ဆေးခန်းလည်း မသွားရတာကြောင့် ဦးဖြိုးမောင်မောင်က သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
မကျဆုံးခင် ရှေ့ရက်ပိုင်းတွေမှာ ဦးဖြိုးမောင်မောင်ကိုဇနီးသည်က မသွားဖို့တားပေမယ့်လည်း
“ငါသေရင်လည်း အာဇာနည်ဖြစ်တာပေါ့ ငါ့မိန်းမရယ်”ဆိုပြီး ပြန်ပြောတယ်လို့ သိရပါတယ်။
ဦးဖြိုးမောင်မောင်တို့ဇနီးမောင်နှံက သားသမီးမရှိတာကြောင့်
တစ်ယောက်ကိုတစ်ယောက် အရမ်းဂရုစိုက်ပြီး အေးအတူပူအမျှနေထိုင်နေကြတာဖြစ်ပါတယ်။
အရမ်းချစ်ရတဲ့ ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဇနီးသည်ခင်မျာမှာလည်း ပူဆွေးသောကတွေရောက်နေရတာဖြစ်ပါတယ်။
ဦးဖြိုးမောင်မောင်ကတော့ သူ့ရဲ့အခြေအနေကိုသိလို့ ဆုံးခါနီးမှာတောင်
“မိန်းမ ငါမရတော့ဘူး သွားရတော့မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေနဲ့ ဖက်ထားပါတော့ “ဆိုပြီး ပြောလိုက်သေးတာဖြစ်ပါတယ်။
ဦးဖြိုးမောင်မောင်ရဲ့ ဇနီးကတော့ အသက်ပေးသွားရပြီဖြစ်တဲ့
သူရဲကောင်းခင်ပွန်းသည်ရဲ့ မျက်နှာလေးကို နောက်ဆုံးအနေနဲ့အဝကြည့်နေခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး မိသားစုတွေ၊ ချစ်တဲ့သူတွေက သေကွဲကွဲနေရတာကြောင့် ပြည်သူတွေကလည်း
အရမ်းဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit: Original Uploder
Source&Photo Credit: Original Uploder